Tuesday, 14 April 2015

ပိုပြီး အချစ်ခံချင်ပါသလား


ကျွန်တော့်ကို
တစ်စုံတစ်ယောက်က မေးတယ်။
(----------) နဲ့ (----------)ထဲမှာ
ဘယ်သူ့ကို ပိုချစ်ခဲ့ပါသလဲတဲ့...။
x
ပိုချစ်အောင် နေခဲ့တဲ့သူကိုပဲ
ကျွန်တော် ပိုချစ်ခဲ့ပါတယ်လို့ပဲ
ကျွန်တော် ပြန်ဖြေခဲ့ပါတယ်။
x
တကယ်တော့လည်း
ဘယ်သူ့ကို ပိုချစ်တယ်ဆိုတာထက်
ဘယ်သူက ပိုချစ်အောင်
နေထိုင်ကျင့်ကြံခဲ့သလဲဆိုတာမျိုးက
ပိုပြီး သဘာဝကျတယ်လို့ ထင်ပါတယ်။
x
ခြွင်းချက်တစ်ချို့ တော့ ရှိတယ်။
ဥပမာ...။
လိမ္မာတဲ့သားထက်
ဆိုးတဲ့သားကို မိခင်ဖြစ်သူက
အချစ်ပိုတတ်တာမျိုးပေါ့။
x
အဲ့ဒီ့တော့
ပိုချစ်တာ ခံချင်ပါသလား?
ပိုပြီးအချစ်ခံရအောင်
ပြုမူနေထိုင်ကျင့်ကြံနိုင်အောင် ကြိုးစားပါ။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment