Tuesday, 14 April 2015

စုပေါင်းကျိန်စာ



ကြေကွဲဖွယ်
အထိမ်းအမှတ်နေ့တွေ
တဖြည်းဖြည်း များလာတယ်။
x
မေတ္တာပို့သံတွေ တိတ်ဆိတ်ပြီး
ကျိန်ဆဲသံတွေ မိုးခြိမ်းသလို ညံလာတယ်။
x
ပြည်သူတွေရဲ့ ရှိုက်သံတွေနဲ့အတူ
နတ်ဒေဝါတွေလည်း ဆုတောင်းနေတယ်။
x
မိ,မဆုံးမ
ဖ,မဆုံးမ အစိုးအရအတွက်တော့
ငရဲမင်းက ကြိမ်းဝါးအော်ဟစ်နေလေရဲ့ ။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment