Friday, 10 April 2015

အချစ်နဲ့ သံယောဇဉ်


အချစ်။
အချိန်မရွေး၊ နေရာမရွေး၊ အခြေအနေမရွေး ပေါက်ဖွားနိုင်တယ်။
အများအားဖြင့် လူဆိုတဲ့သက်ရှိမှာ အဖြစ်များတတ်တယ်။
အချစ်ဆိုတာ ပေါက်ဖွားဖို့ အခြေခံအားဖြင့် သင့်တင့်လျောက်ပတ်တဲ့
အကြောင်းအရာတစ်ခုခု ရှိနေတတ်တယ်။
ဥပမာ-
နှုတ်ခမ်းစူနေတဲ့ ကောင်မလေးတစ်ယောက်ကို
ကြည့်လိုက်တဲ့အခိုက်မှာပဲ ချစ်ကျွမ်းဝင်သွားနိုင်တယ်။
သနားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို မြင်မိပြီး
သနားရာကတဆင့် ချစ်သွားနိုင်တယ်။
ဒါပေမယ့်
အချစ်ဆိုတာ လူ+လူ(အထီး+အမ) မှာပဲ ဖြစ်ထွန်းတတ်တယ်။
{အကယ်၍ အချစ်က (အထီး+အထီး / အမ+အမ) မှာ ဖြစ်ထွန်းရင်
အန္တရာယ် ကြီးတယ်}
အိမ်မှာမွေးထားတဲ့ ခွေးလေးကိုကျတော့ ချစ်တယ်လို့ မခေါ်ဘူး။
သက်ရှိတွေရဲ့ ခင်တွယ်တတ်တဲ့
သဘောသဘာဝအရ သံယောဇဉ်ဖြစ်သွားကြတာလို့ပဲ သတ်မှတ်နိုင်တယ်။
x
သံယောဇဉ်။
အချိန်ပေးရတယ်၊ ရင်းနှီးကျွမ်းဝင်မှုကို အခြေခံပြီးမှ ဖြစ်ပေါ်လာတတ်တယ်။
လူအပါအဝင် အသက်ရှိတဲ့ သတ္တဝါအများစုမှာ သံယောဇဉ်ဖြစ်တတ်တယ်။
အဲ့ဒီ့ သက်ရှိတွေရဲ့ အပြုအမူတွေ၊ အနေအထိုင်တွေ၊ ဝါသနာတွေကို အခြေခံပြီး
သံယောဇဉ် ဖြစ်တတ်တယ်။
ဥပမာ-
ခွေးနဲ့ ခွေးလည်း သံယောဇဉ် ဖြစ်တတ်တယ်။
လူနဲ့ ခွေးလည်း သံယောဇဉ် ဖြစ်တတ်တယ်။ (လူနဲ့ခွေးက မချစ်ကြဘူး)
x
သံယောဇဉ်က အရင်ဖြစ်တည်ပြီး
သံယောဇဉ်ကတဆင့်တိုးပြီး တဖြည်းဖြည်းနဲ့ ချစ်လာတာမျိုးလည်း ရှိတယ်။
x
အချစ်က အရင်ဖြစ်တည်ပြီး
အချစ်ကနေ သံယောဇဉ်တိုးပြီး တဖြည်းဖြည်းတိုးပြီးချစ်သွားတာမျိုးလည်း ရှိတယ်။
x
အကယ်၍
ကိုယ့်မှာ ချစ်မယ်လို့ ရည်ရွယ်ထားတဲ့သူ၊ ချစ်နေတယ်လို့ ထင်တဲ့သူ
ရှိခဲ့မယ်ဆိုရင် အချစ်နဲ့ သံယောဇဉ်ကို သေချာကွဲပြားစွာ သိဖို့တော့လိုလိမ့်မယ်။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment