Friday, 17 April 2015

လူ၊ လူ့ပတ်ဝန်းကျင်


လူ...
မိမိကိုယ်တိုင်ကောင်းဖို့လိုတယ်။
မိမိပတ်ဝန်းကျင်ကောင်းဖို့လိုတယ်။
x
မိမိပတ်ဝန်းကျင်က
ဆိုးရွားလွန်းနေတာမျိုးဆိုရင်
အဲ့ဒီ့ ပတ်ဝန်းကျင်ကို
ပြောင်းလဲပစ်နိုင်ဖို့ ကြိုးပမ်းရမယ်။
x
မိမိပတ်ဝန်းကျင်က
ကောင်းလွန်းနေတာမျိုးဆိုရင်
အဲ့ဒီ့ပတ်ဝန်ကျင်ထဲမှာ
မိမိပါ တစ်သားတည်းဖြစ်အောင်
မိမိကိုယ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိရမယ်။
x
တကယ်တော့
အရည်အချင်းရှိသူဆိုတာ
ကိုယ်တစ်ယောက်တည်း
ကောင်းနေ၊တော်နေသူမဟုတ်ပါဘူး။
ကိုယ်နဲ့အတူ ကိုယ့်ပတ်ဝန်းကျင်ကိုပါ
ကောင်းလာအောင်၊ တော်လာအောင်
ဖန်တီးပြောင်းလဲပစ်နိုင်စွမ်းရှိသူသာဖြစ်တယ်။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment