Tuesday, 21 April 2015

ဆန္ဒမစောပါနဲ့


တစ်စုံတစ်ယောက်ကို
(က) ချီးကျူးတာလည်း မစောပါနဲ့။
(ခ) အလျင်စလိုလည်း မကဲ့ရဲ့ ပါနဲ့။
သင့်ရဲ့  ဆန္ဒစောမှုထဲမှာ
သင်...ဘယ်လိုလူစားလဲဆိုတာကို
ဘယ်သူမှ သင့်ကို မမေးဘဲ
သင်ကိုယ်တိုင် အတင်းရှင်းပြသလို ဖြစ်တတ်တယ်။
ပြီးတော့
ဝေဖန်ထောက်ပြခြင်းဟာ လူတိုင်းမတတ်တဲ့
အတတ်ပညာစစ်စစ်ကြီး တစ်ခုဖြစ်ပါတယ်။
အဲ့ဒီ့ ဝေဖန်နိုင်တဲ့ အတတ်ပညာနဲ့
မိမိဝေဖန်မယ့် အကြောင်းအရာနဲ့ ပက်သက်တဲ့ အတွေ့အကြုံမရှိဘဲ
တစ်စုံတစ်ယောက်ကို
ဝေဖန်ထောက်ပြမှုမျိုးဟာ မိမိကိုယ်ကို မိမိအရှက်တကွဲ
အကျိုးနည်းအောင် ပြုလုပ်သလို ဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့်
ဝေဖန်ထောက်ပြခြင်းကို သိပ်ပြီးဝါသနာထုံတယ်ဆိုရင်တော့
၁) ပုဂ္ဂိုလ်စွဲ ကင်းနိုင်အောင် ကြိုးစားပါ။
၂) အကြောင်းအရာကို ပိုင်နိုင်ကျွမ်းကျင်အောင် လေ့လာပါ။
ပြီးမှ
ဝေဖန်ထောက်ပြပါ။
-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment