(၁) ချစ်ခြင်းမေတ္တာ
(၂) စည်းစိမ်ချမ်းသာ
(၃) ရာထူးအာဏာ
(၄) အသက်အန္တရာယ်
ဘာသာတရားအယူအဆတစ်ခုကို သက်ဝင်ယုံကြည်နေကြတဲ့သူတွေ
အများကြီး ရှိကြပါတယ်။ အဲ့ဒီ့လို သက်ဝင်ယုံကြည်သူတွေထဲမှာ
(က) မိမိကိုယ်တိုင် လေ့လာလိုက်စား၍ သက်ဝင်ယုံကြည်သူများ
( ခ ) မိရိုးဖလာ အစဉ်အလာအရ သက်ဝင်ယုံကြည်သူများ
ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ မိမိကိုယ်တိုင် လေ့လာဆန်းစစ်ပြီး ဖြစ်လာတဲ့
သက်ဝင်ယုံကြည်မှုမျိုးကို အထက်မှာ ပြထားတဲ့ အခြေအနေ (၄) မျိုးက
ပြောင်းလဲပစ်နိုင်စွမ်း မရှိပါဘူး။ မိရိုးဖလာကြောင့် ဖြစ်စေ၊ မိမိကိုယ်တိုင်က
မိမိဘာသာတရားရဲ့ အနှစ်သာရတွေကို လေးလေးနက်နက် မသိခြင်းကြောင့်ဖြစ်စေ၊
သက်ဝင်ယုံကြည်မှု တစ်ခုကနေ အခြားသက်ဝင်ယုံကြည်မှုကို အလွယ်တကူ ကူးပြောင်း
တတ်ကြတယ်။
သမမျှတတဲ့ စိတ်အခြေခံ ရှိကြသူများအတွက်တော့ အထက်မှာ ဖော်ပြထားတဲ့
ချစ်ခြင်းမေတ္တာ၊ စည်းစိမ်ချမ်းသာ၊ ရာထူးအာဏာ နဲ့ အသက်အန္တရာယ် တွေဟာ သက်ဝင်ယုံကြည်မှုတစ်ခုခုကို
(၁) သိပ်ချစ်လွန်းလို့ သက်ဝင်ယုံကြည်မှုကိုပါ ရောပြီး ပြောင်းလဲပစ်လိုက်သူတွေ
(၂) သိပ်ချမ်းသာချင်လွန်းလို့ ရိုးရာယုံကြည်မှုများကို စွန့်လွှတ်ပစ်လိုက်ကြသူတွေ
(၃) ရာထူးအာဏာတည်မြဲဖို့ မိမိကိုးကွယ်မှုကိုပါ ချနင်းပစ်လိုက်ကြသူတွေ
(၄) အသက်အန္တရာယ်လွတ်ကင်းဖို့ မိမိဘာသာတရားနဲ့ လဲပစ်လိုက်ကြသူတွေ ကို
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူးကြမှာပါ။ (ကျွန်တော်ကတော့ (၄) မျိုးစလုံးကို
ကိုယ်တိုင်မြင်ဖူးခဲ့ပါတယ်။
အများအားဖြင့် သူတို့လိုချင်တာ၊ ဖြစ်ချင်တာတွေ ရသွားတတ်ကြပါတယ်။ ရေတိုမှာ
အဆင်ပြေပေမယ့် ရေရှည်မှာတော့ စိတ်အနှောင့်အယှက်တွေ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ ဘာသာတရားနဲ့ သက်ဝင်ယုံကြည်မှုတွေအကြောင်
လိုက်စားပြီး မိမိမြတ်နိုးရာကို ရွေးချယ်တဲ့သူများကို မဆိုလိုပါဘူး။
နိဂုံးချုပ်အားဖြင့်
မိမိ သက်ဝင်ယုံကြည်ရာကို အမြတ်တနိုးရှိတတ်ပါစေ။
မိမိ သက်ဝင်ယုံကြည်ရာကို အသေးစိတ်တတ်သိ နားလည်ပါစေ။
မိမိ၏ သက်ဝင်ယုံကြည်မှုနှင့် တစ်စုံတရာကို လဲလှယ်ရမည်ဆိုပါက
အကျိုးဆက်ကိုလည်း ထည့်သွင်းစဉ်းစားတတ်ပါစေ။
တစ်စုံတရာအပေါ် အစွန်းရောက်ခံစားခြင်းများမ
မှတ်ချက်။
ဤအချက် (၄)ချက်မှာ ကျွန်တော် ကိုယ်တိုင်တွေ့မြင်ခဲ့သည်မ
ထိုလေးချက်တည်းနှင့် ပြီးပြည့်စုံပြီဟု ယူဆထားခြင်း လုံးဝမရှိပါ။ စာဖတ်သူ၏
အတွေ့အကြုံနှင့် အယူအဆကို ထည့်သွင်း ဖော်ပြလိုပါက အမှတ်စဉ် (၅) မှ စတင်ဖြည့်စွက်ပေးစေလိုပါသည်
---------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment