(၁)
အမေ
မူလတန်းတုန်းက..ကျွန်တော်လေ
“ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ
ဒါတို့ ပြေ..ဒါတို့ မြေ တို့ ပိုင်တဲ့မြေ” လို့ ဟစ်ကြွေးရင်း....နဲ့ 
ကြက်သီးတဖြန်းဖြန်းထခဲ့ရဖူးတယ်...။
(၂)
အမေ
ကျွန်တော်...အလယ်တန်းရောက်တော့
"ပြည်ထောင်စုရဲ့ ကျေးဇူးရှင်...ဗိုလ်ချုပ် ဒို့ ဖခင်" ဆိုတဲ့
အောင်ဆန်းဇာနည်.ကဗျာလေးထဲက စာသားလေးတွေကို
တီးတိုး ရေရွတ်ရင်း အတုယူအားကျခဲ့ဖူးတယ်...။
(၃)
အမေ
နှစ်ဆယ့်တစ်ရာစုထဲရောက်တော့..
“တရားဥပဒေ စိုးမိုးရေးသည် အဓိက”
“အားကြီးသူဆိုတာ အားငယ်သူကို
စာနာသနားရတယ်” ဆိုတဲ့ အယူအဆတွေကြောင့်
အမေ့ကို...ကျွန်တော်...
တိတ်တခိုးလေး...လေးစားဦးညွတ်မိပြန်တယ်...။
(၄)
အမေ
အမေ့ကြောင့်ပဲ
“The Lady” ရုပ်ရှင်ဇာတ်ကားထဲက
“Michelle Yeoh” ကိုတောင် အမေ့ကိုယ်ပွားလေး အဖြစ်
ချစ်မြတ်နိုးခဲ့ဖူးတယ်။
ပြီးတော့လေ...
အော့စလိုမှာ အမေ..နိုဘယ်ဆုယူနေတာကို ကြည့်ရင်းနဲ့ 
အမေ..ပြောလာမယ့်... ကျွန်တော်တို့ ဘက်က ရပ်တည်မှုမျိုးကို
မျှော်လင့်ရင်း ရင်ခုန်ခဲ့ဖူးတယ်...။
(၅)
အမေ
“ပုခက်လွှဲတဲ့ လက်က ကမ္ဘာကို အုပ်စိုးနိုင်တယ်”တဲ့
ပုခက်လွှဲခဲ့ဖူးတဲ့...အမေ..
နိုဘယ်ဆုကိုင်ခဲ့တဲ့..အမေ့လက်ထဲမှာတော့
ကျနော်တို အနာဂတ်တွေ တောက်ပကောင်းနိုင်ပါရဲ့ လို့ 
မဆီမဆိုင် ယုံကြည်မိလိုက်သေးတယ်...။
(၆)
အမေ
ခုတော့လည်း
အမေ့ရဲ့ ရှေ့ မတိုး ...နောက်မဆုတ်
တိတ်ဆိတ်မှုတစ်ခုကြောင့်
ကျနော်တို့ ရဲ့ အနာဂတ်တွေ မဲ့ရပေါ့။
ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး နိုဘယ်ဆုရှင်တစ်ယောက်ရဲ့ 
တိတ်ဆိတ်မှု တစ်ခုကြောင့်
ပထမဆုံးအကြိမ်...လူမျိုးတုန်းစေခဲ့တာပဲ...ပေါ့
“ပုခက်လွှဲသောလက်သည်လည်း...လူမျိုးတုံးစေနိုင်သည်” လို့ 
ကျွန်တော်..ပြောင်းမှတ်တော့မယ်...အမေ...။
(၇)
တကယ်တော့
“ဆိတ်ဆိတ်နေခြင်းသည် အမှားကျူးလွန်သူတို့ အတွက်သာရှိသင့်တဲ့
ဝန်ခံခြင်းတစ်မျိုးပဲလို့ ” အမေ ဖြည့်မတွေးမိခဲ့တာ
ကျွန်တော်..အံ့အားသင့်ရပါတယ်....အမေ။
အမှန်တရားတစ်ခုအတွက်
ခိုကိုးရာမဲ့ လူနည်းစုတစ်စုအတွက်...
ဘာလို့ များ အမေ...နှုတ်ဆိတ်နေခဲ့သလဲလို့ 
ကျွန်တော် ဘဝင်မကျချင်ဘူးအမေ...။
(၈)
အမေ
ဝမ်းသာတော့....
ခုတော့ ..တစ်ကမ္ဘာလုံး
အမေ့အကြာင်းပြောကုန်ကြပြီ..
လုပ်သင့်လုပ်ထိုက်တာကို
ဘာလို့ များ.....အမေ..မလုပ်ခဲ့တာလဲလို့ 
ကျွန်တော်လည်း အံ့သြခြင်းကြီးစွာဖြစ်ရပါတယ်...။
(၉)
တကယ်တော့
ဦးရာဇာတ်...ရဲဘော်ကိုထွေးတို့ 
အကြောင်းမဲ့ အာဇာနည်တွေ ဖြစ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ
အမေ...မေ့ချင်ယောင်ဆောင်နေတာပါ
အမေသိလား...?
အမေလိုချင်တဲ့ ဒီမိုကရေစီအတွက်...
ကျနော်တို့ လည်း အစာငတ်ခံ ဆန္ဒပြခဲ့ဖူးတယ်ဆိုတာ...
ကျနော်တို့ ရဲ့ ရင်သွေးငယ်တွေရဲ့ 
ပစ္စုပ္ပန်တွေကိုလည်း လစ်လျူရှု ခဲ့ရဖူးတယ်ဆိုတာ...
ကျနော်တို့ ရဲ့ မျိုးနွယ်စုလေးလည်း သွေးမြေကျခဲ့ဖူးတယ်ဆိုတာ...။
(၁၀)
ဘဝဆိုတဲ့စက်ဝိုင်း
အဲဒီ စက်ဝိုင်းမှာ ရှိတဲ့ ဆုံမှတ်တစ်ခုခုမှာ
အလှည့်ကျ မနွဲ့ စတမ်းပေါ့...ဆိုပြီး
ငိုကြွေးစောင့်ဆိုင်းနေတဲ့  လူမမည်ကလေးငယ်လေးတွေရဲ့ 
အာဃာတ,တရားတွေ ရှိနေပြီ.....အမေ။
ကျွန်တော့် အတွက်တော့
“တရားဥပဒေ စိုးမိုးရေး”...ဆိုတဲ့
အမေ့..ပြက်လုံးက ရယ်စရာအကောင်းဆုံးပဲ
အဲဒီပြက်လုံးအတွက်
ကျွန်တော် နိုဘယ်ဆုတစ်ဆု ချီးမြှင့်ချင်သေးတယ်
အမေ..လက်ခံပေးမယ်ဆိုရင်ပေါ့...။
(၁၁)
အမေ
တစ်ချို့ နိုင်ငံမှာ အမေ့အကြောင်းကို
ကျေုာင်းသုံး ပြဋ္ဌန်းစာအုပ်မှာ ထည့်ကြတော့မယ်တဲ့
ဒါပေမယ့်....
အမေ့အကြောင်းပါမယ့် သင်ရိုးသစ်ထဲမှာ
ရေလိုက်...ငါးလိုက်..တရားသစ်နဲ့ 
နိုဘယ်ဆုတစ်ခုအကြောင်းပါနိုင်တဲ့နောက်တော့
ကိုယ့်လူမျိုး..ကိုယ်ကာကွယ်ဖို့ အတွက်
“ မျက်နှာပြောင်တိုက်ဖို့ပဲလိုတယ်” ဆိုတဲ့
၂၁ရာစု အဘိဓမ္မာ တရားသစ်တွေ ပါနိုင်တဲ့နောက်တော့
“ ကိုယ့်လူကိုယ့်သား ၊ ကိုယ့်ဆွေမျိုး” ဆိုတဲ့
လူမျိုးစွဲဝါဒတွေ ပါနိုင်တဲ့နောက်တော့
အဲဒီဖတ်စာအုပ် ကျွန်တော် မဖတ်တော့ဘူး..အမေ...။
(၁၂)
အမေ...သိလား
ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်းတို့ ရဲ့ 
“နယ်မြေကာကွယ်ရေးအတွက် လိုအပ်ရင်...
လက်နက်တပ်ဆင်ပေးဖို့ ပါ စဉ်းစားဆုံးဖြတ်” ဆိုတာလေးနဲ့ တင်..
ရခိုင်မှာ ရှိတဲ့ ညီနောင်တွေ အတွက်
ကျွန်တော်....ရတက်မအေးနိုင်တော့ဘူးအမေ။
သွေးရူးသွေးတန်း အသံနက်တွေနဲ့ 
အပြိုပြို အလဲလဲ နိုင့်ထက်စီးနင်းပြုကျင့်မှုတွေ..ကျနော် မြင်ယောင်မိတယ်
ကျွန်တော်တို့ ရဲ့  ဘဝအနာဂတ်တွေ
အထားအသို ပျက်လိုက်ပုံများကတော့
ရာဇဝင်..တွင်မယ်ထင်ပါရဲ့ ...။
(၁၃)
အမေ
ကျွန်တော်တို့ 
အလံဖြူထောင်ပြီး အကြိမ်ကြိမ်တောင်းပန်ခဲ့တဲ့နောက်တော့
ပြီးတော့
အမေလည်း ကောက်ရိုးတမျှင် မဖြစ်နိုင်တဲ့နောက်တော့
ရှိစေတော့အမေ။
အမေလည်း...နေသာသလိုနေပါတော့
ကျွန်တော်တို့ ဘဝတွေလည်း
နာသာသလိုသာ နာစေတော့...။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment