Sunday, 19 April 2015

အလွမ်းကမ္ဘာ


နင့်ကို...မလွမ်းမိဖို့
ကြိုးစားရင်း လွမ်းနေမိတယ်။
နင့်ကို...မလွမ်းမိဖို့
ဖြေဖျောက်ရင်း အလွမ်းပိုမိတယ်။
နင့်ကို...မလွမ်းမိဖို့
ထိန်းချုပ်ရင်း အလွမ်းဖျားနေတယ်။
နင့်ကို...မလွမ်းမိဖို့
ဆုတောင်းရင်း လွမ်းမိုးမိနေတယ်။
x
နင့်ကို
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ငါ့ကိုယ်ငါ...တွန်းတင်ထားပေမယ့်
တကယ်က
အလွမ်းတွေကိုသာ
တနင့်တပိုး ထမ်းပိုးထားရတဲ့င့ါဘဝ။
x
အဲ့ဒီ့ကောင်က
ကံကြမ္မာအကျိုးပေး ကောင်းလွန်းရဲ့။
နင့်ကို လွမ်းနေရတာကို
ကဗျာတစ်ပုဒ်နဲ့ ပွေ့ဖက်နမ်းရှုံ့နေရသလို
ကျေနပ်နေတတ်တဲ့သူမျိုးပေါ့။
x
နင့်နှလုံးသားမှာ
ငါ့ကို အမြဲအမှတ်တရရှိပါစေလို့
အတ္တမကြီးပါရစေနဲ့။
ဖြစ်နိုင်မယ်ဆိုရင်
နင်နဲ့နင့်အငွေ့အသက်တွေကို
ငါ့နှလုံးသားထဲမှာ
သိုသိုသိပ်သိပ် ထုပ်ပိုးသိမ်းဆည်းပြီး
ထာဝရလွမ်းနေခွင့်သာ ငါ့ကိုပေးပါ။
x
ကောင်မလေးရေ
တကယ်တော့လည်း
နင့်ကို မလွမ်းမိဖို့
ငါ့ကိုယ်ငါ...ပြဌာန်းနေရတာကိုက
လွမ်းစရာ သိပ်ကောင်းနေပါပြီ။
x
ငါ့ ဗီရိုထဲက
နင့်ပုံတူပန်းချီကားလေးများ
နင်...တစ်နေ့နေ့တွေ့ခဲ့မိရင်
အဲ့ပန်းချီကားထဲက
ငါ့အချစ်တွေကို နင်ယူသွားပေးပါ။
နင့်ကိုလွမ်းခဲ့တဲ့ အလွမ်းတွေကိုတော့
ငါ့အတွက် ချန်ထားခဲ့ပေးပါကွယ်။

--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment