Friday, 17 April 2015

နှစ်သစ်မှာ တောထုတ်ကြမယ်


နှစ်ဆန်း(၁)ရက်နေ့မှာ
မကျွတ်မလွတ်နိုင်သူများ၊
မကောင်းဆိုးဝါးများကို
သံပုံးများတီးပြီး မောင်းထုတ်ကြပါသည်။
x
သို့သော်
မမြင်ရသည့် မကောင်းဆိုးဝါးများကို
မောင်းထုတ်ရခြင်းထက်
ထင်ထင်ရှားရှား မြင်ရသည့်
မကောင်းဆိုးဝါးသတ္တဝါများကို
မောင်းထုတ်နိုင်ရန် ပိုအရေးကြီးပါသည်။
x
မမြင်ရသော
မကျွတ်မလွတ်သူများသည်
မြင်နေရသော
မကောင်းဆိုးဝါးများကို
ဝိုင်းဝန်း မောင်းထုတ်ပေးနိုင်ကြပါစေ။
x
မြန်မာပြည်ကြီး
ငြိမ်းချမ်းသာယာပြီး
မြင်နိုင်သောမကောင်းဆိုးဝါးများ၏
ဘေးအန္တရာယ်မှ အမြန်ဆုံးကင်းလွတ်ပါစေ။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment