Thursday, 2 April 2015
ခြိမ်းခြောက်ခံနေရတဲ့ တကယ့်ဘဝများ
Virtual Life တွေက
Real Life တွေကို ခြိမ်းခြောက်စပြုနေပါပြီ။
လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို
ပုံစံမျိုးစုံနဲ့ ခိုးယူနေကြတာတွေ တစ်နေ့ထက်တစ်နေ့ များလာတယ်။
x
တစ်ချိန်ချိန်မှာတော့ Virtual Life ဖြစ်စဉ်တွေရဲ့ 
ကမောက်ကမ ဖြစ်မှုတွေကြောင့်
Real life ထဲက တကယ်အသက်ရှိတဲ့ လူသားတွေ
ကိုယ့်ကိုယ်ကို သတ်သေတဲ့နှုန်းတွေ များလာဦးမယ်ထင်တယ်။
x
အခုဆိုရင် Facebook ကလည်း Marketing ဆိုတာကို
ဗန်းပြပြီး သုံးသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တစ်ချို့ ကို
သိမ်းဆည်းနေပါပြီ။ Facebook လို Social Site က မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူနေပြီလို့ ဆိုရင်တော့ မသုံးဘဲ နေရတော့မှာပေါ့။
ဒါပေမယ့် Facebook လေးမှ မသုံးလိုက်ရရင် ထမင်းစား မဝင်တတ်ကြတဲ့
ကျွန်တော်တို့ ခေတ်ကာလထဲက လူတစ်ချို့ အတွက်တော့ တကယ့်ကို
စိတ်မကောင်းစရာတွေ ဖြစ်လာတော့မယ်ထင်တယ်။ အကြောင်းရင်းကတော့
Facebook ကို မသုံးဘဲ မနေနိုင်ကြတဲ့ လူအများစုက ဘယ်လောက်ပဲ အခိုးခံရပါစေ၊ ဆက်သုံးနေကြဦးမယ် ဆိုတာ သေချာသလောက် ဖြစ်နေလို့ပါပဲ။ ပြီးတော့...CIA, FBI နဲ့
NSA တို့လို (သူခိုး) အဖွဲ့အစည်း အကြီးစားတွေကလည်း Phones, တွေနဲ့ iPads လို
အီလက်ထရောနစ်ပစ္စည်းတွေကတဆင့် လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်
တွေကို ခိုးယူနေကြပါပြီ။
x
အဲ့ဒီတော့
ကျွန်တော်တို့ရဲ့  တစ်ကိုယ်စာ လျှို့ ဝှက်ချက်တွေက
နေ့စဉ်နဲ့အမျှ နည်းနည်းစီ ဖဲ့ယူခိုးယူခြင်း ခံနေရတယ်ဆိုတာ မမေ့ပါနဲ့။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကံကိုယုံပြီး ဆူးပုံမနင်းပါနဲ့လို့ ပြောကြတယ်။
အဲ့ဒါဆိုရင် Virtual Life ကို ယုံပြီး Real Life ကို မနင်းခြေပါနဲ့ ပြောရင်
ကျွန်တော် မလွန်လောက်ဘူးလို့ ယူဆမိပါတယ်။ (သတိရှိကြပါစေဗျာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment