(၁)
တမန်တော်မြတ်
(ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) အပေါ်မှာ
အသျှင်မြတ်က ချပေးထားတဲ့ ကုရ်အာန် ကျမ်းတော်မြတ်။
x
(၂)
တမန်တော်မြတ်
(ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) ရဲ့
မွတ်စလင်(မ်)ပီသစွာ နေထိုင်ကျင့်ကြံခဲ့တဲ့ လမ်းပြဟဒီးဆ်များ။
x
အဲ့ဒီ အရာတွေဟာ
ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါပဲ။
ရတနာဆိုပေမယ့်
အလှကြည့်ရုံသက်သက် ရတနာမျိုးကို မဆိုလိုဘဲ
မိမိဘဝ နေထိုင်မှုပုံစံထဲမှာ လက်တွေ့အသုံးချရတဲ့ ရတနာမျိုးပါ။
x
ဒါပေမယ့်
ကျွန်တော်တို့ခေတ်မှာ
အဲ့ဒီ့ (ကုရ်အာန်+ ဟဒီးဆ်များ) ရတနာတွေက
မိမိဘဝမျက်နှာစာနဲ့ အစ္စလာမ့်ရုပ်ရည်မှာ
ကျက်သရေရှိဖို့ ကျင့်သုံးဆင်မြန်းခြင်းမျိုးမဟုတ်တော့ဘဲ
အလှပြရုံသက်သက်၊ အထောက်အထားပြရုံသက်သက်
ဖြစ်လာတာကိုတော့..ဝမ်းနည်းကြေကွဲစွာ မြင်တွေ့နေရပါပြီ။
x
ကျွန်တော်တို့ခေတ်မှာ
သိတဲ့သူတွေ(ပညာသိသူ) သိပ်များသလောက်၊
အထောက်အထားပြနိုင်သူတွေ ပေါများသလောက်
ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်သူ(ပညာရှိသူ)တွေ
တဖြည်းဖြည်း နည်းပါးလာတာက စိတ်မကောင်းစရာပါပဲ။
x
နောက်ဆုံး အွမ္မသ်အတွက်
သီးသန့် လက်ဆောင်အနေနဲ့ ရထားတဲ့
(ကုရ်အာန်+ ဟဒီးဆ်များ) ရတနာတွေကို
အဖိုးတန် ရတနာတွေအဖြစ် ကျင့်ကြံဆင်မြန်းမှု မရှိကြဘူးဆိုရင်
လက်ဆောင်ပေးတဲ့ ပိုင်ရှင် ကြီးကျယ်မြင့်မြတ်တဲ့ အလ္လာဟ်အသျှင်မြတ်နဲ့
ကျွန်တော်တို့ကို ထပ်ဆင့်လက်ဆောင်အဖြစ် အမွေပေးခဲ့တဲ့
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) ကို
ကျွန်တော်တို့ ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ကြမှာလဲဗျာ။
x
သိရုံသိတဲ့ မွတ်စလင်(မ်)
အထောက်အထားပြရုံသာ ပြတတ်တဲ့ မွတ်စလင်(မ်)ဘဝမှ
လက်တွေ့ကျင့်ကြံပြီး သိလည်းသိ၊ ရှိလည်းရှိတဲ့ မွတ်စလင်(မ်)ဘဝမျိုးကို
ကျွန်တော်မျိုးအား အသျှင်ပေးသနားတော်မူပါစေ။ (အာမီးန်)။
(ကောင်းတဲ့အလုပ် လုပ်ချင်တဲ့အခါ၊ အချိန်မဆိုင်းပါနဲ့၊
မကောင်းတဲ့အလုပ်တစ်ခု လုပ်ချင်စိတ်ဖြစ်ရင်တော့ အချိန်ဆွဲပါ)
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကုန်အာန် လက်မခံသူ၊ ဟဒီးဆ် လက်မခံသူ ကိစ္စတွေကို
ဆွေးနွေးတင်ပြခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့တာကို မကြိုက်ရင်
ကျော်သွားနိုင်ပါတယ်။ မမြင်ချင်ယောင် ဆောင်သွားနိုင်ပါတယ်။
ဒါပေမယ့် အကြောင်းအရာနဲ့ မဆိုင်တာတွေကိုတော့
ကျွန်တော့်ပို့စ်အောက်မှာ လာမရေးကြပါနဲ့လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကုန်အာန် လက်မခံသူ၊ ဟဒီးဆ် လက်မခံသူ ကိစ္စတွေကို
ဆွေးနွေးတင်ပြခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့တာကို မကြိုက်ရင်
ကျော်သွားနိုင်ပါတယ်။ မမြင်ချင်ယောင် ဆောင်သွားနိုင်ပါတယ်။
ဒါပေမယ့် အကြောင်းအရာနဲ့ မဆိုင်တာတွေကိုတော့
ကျွန်တော့်ပို့စ်အောက်မှာ လာမရေးကြပါနဲ့လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။
No comments:
Post a Comment