အခြေအနေ (၁)
အမျိုးသားများ ( သဘောထား) ကြီးကြသည်။ (Without Tag)
မောင်ဖြူ ၊ မောင်နီ၊ နှင့် မောင်ဝါ တို့သည် သဘောထား သေးသိမ်သူများ ဖြစ်ကြသည်။
(With Tags)
အခြေအနေ (၂)
အမျိုးသမီးများသည် (မိခင်စိတ်) ကြီးမားသူများ ဖြစ်ကြသည်။ (Without Tag)
မမာယာ၊ မပြာတာနှင့် မချူချာ တို့သည် (မိခင်စိတ်) လုံးဝ ကင်းမဲ့သူများ ဖြစ်ကြသည်။
(With Tags)
အမျိုးသားအများစုက သဘောထားကြီးကြတယ်။
အဲ့ဒါကို အမျိုးသား အများစုကို ရည်ညွှန်းတဲ့ အမျိုးသားများ (သဘောထား)
သေးသိမ်ကြသည် လို့ ရေးသားမိမယ်ဆိုရင် အမျိုးသား အားလုံးကို ဆိုလို့တဲ့ သဘောမျိုးဖြစ်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
အမျိုးသမီးအများစုက မိခင်စိတ်ကြီးမားကြတယ်။
အဲ့ဒါကို အမျိုးသမီးများသည် မိခင်စိတ် လုံးဝ မရှိသူ သူများ ဖြစ်ကြသည် လို့
တင်ပြလာမယ်ဆိုရင် (မိန်းမ) အားလုံးကို တိုက်ရိုက်စော်ကားသလို ဖြစ်တဲ့ အတွက် ရှောင်ရှားသင့်ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီးကျွန်တော် အဆို(၃) ခု တင်သွင်းပါမယ်။
အဆို (၁)
မကြိုက်တာ၊ မကျေနပ်တာရှိရင် တိုးတိုးတိတ်တိတ် အသိပေးပါ။
အဆို(၂)
မကြိုက်တာ၊ မကျေနပ်တာရှိရင် (Tag) လုပ်ပြီး တည့်မတ်စွာ ဖြေရှင်းပါ။
အဆို(၃)
မကြိုက်တာ၊ မကျေနပ်တာရှိရင် (အများဆိုင်နာမ်သုံးပြီး) စောင်းမြောင်းပုတ်ခတ် ရေးသားပါ။
လူတွေကျင့်ကြံရမယ့် စည်းမျဉ်းစည်းကမ်းအရ အဆို (၁) ပြီးမှ အဆို (၂)၊
အဆို (၂) ပြီးမှသာ အဆို (၃) ဆိုပြီး အစဉ်လိုက် ဖြစ်ရမှာပါ။
ဒါပေမယ့် Facebook မှာ အဲ့လို (သူ့ဘက်ကိုယ့်ဘက်) မျှတစွာ
လိုက်နာတဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ?
ရိုးရိုးသားသား ဝန်ခံကြမယ်ဆိုရင်….အဆို (၃) က လူသုံးအများဆုံး
ဖြစ်နေတာကို တွေ့မြင်ရမှာပါ။
တစ်ဘက်သားကို မနစ်နာစေချင်တဲ့စိတ်နဲ့ တိုးတိုးတိတ်တိတ် လုပ်နိုင်စွမ်း မရှိတဲ့ လူတစ်ယောက်အတွက် အဆို (၂) နဲ့ (၃) မှာ ဘယ်အဆိုက ပိုပြီး သင့်တော်ပါသလဲ?
ယောက်ျားတစ်ယောက်ရဲ့ အမြင်အရ ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင်
အဆို (၃) ထက်စာရင် အဆို (၂) ဟာ ပြသနာကို တည့်မတ်စွာ ဖြေရှင်းတယ်လို့
ယူဆပါတယ်။
ပြီးတော့
မိမိ ကိုယ်တိုင်က အဆို (၁) လို တိုးတိုးတိတ်တိတ် သတိပေးနိုင်လောက်တဲ့
စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားတာမဟုတ်ဘူးဆို
ယောက်ျားပီပီသသ တည့်မတ်စွာ အမည်နာမတပ်ပြီး
( ဦး (….) ခင်ဗျားကို မကျေနပ်ဘူး၊ လာရှင်းပါ ) ဆိုတာမျိုးကို ရွေးမလား?
(ဘယ်….ေ-ွးမသားတွေလဲကွာ…နေရ
အများဆိုင်နာမ်ကို သုံးပြီး ပုတ်ခတ်စော်ကားတာမျိုး သုံးမလား ?
ဘယ်လိုပုံစံနဲ့ တုံ့ပြန်တာက ပိုပြီး ကောင်းပါသလဲ?
အနည်းဆုံးတော့ ပုတ်ခတ်စောင်းမြောင်းခြင်းဟ
အဲ့ဒီလူရဲ့ အကောင့်ထဲမှာ ရှိနေတဲ့ မိတ်ဆွေအားလုံးကို
ယုန်ထင်ကြောင်ထင် ဖြစ်စေမယ်လို့ ပြောရင် ကျွန်တော် လွန်မလား?
အဖြစ်သင့်ဆုံးကတော့....
------> တိုးတိတ်စွာ သတိပေးပါ။
-------> တည့်မတ်စွာ တိုက်ရိုက် ဖြေရှင်းပါ။
တစ်ခုမှ အဆင်မပြေဘူးဆိုရင်တော့
--------> ခင်ဗျားအကြိုက် (စောင်းမြောင်းတိုက်ခိုက်ပြ
မှတ်ချက်။
Facebook လောကထဲက Screen Shots တွေ ဖမ်းပြီး မပြချင်တဲ့အတွက်
အသိုသိပ်ဆုံး၊ အကျစ်လျစ်ဆုံး ပြန်လည် ဖြေရှင်းပေးထားခြင်း ဖြစ်ပါတယ်။
(နားလည်ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်)
---------------------
အိမ်ဝေးသူ (KZ)
No comments:
Post a Comment