ငါက
ကတိတရားကို တန်ဖိုးထားတယ်။
မင်းက
ဦးညွတ်လိုက်ရမှာကို စိုးရိမ်တယ်။
ဒီလိုဆိုရင်
သံယောဇဉ်ဆိုတာကို
ငါတို့...ဘယ်လိုထူထောင်ကြမလ
(ကျေးဇူးပြုပြီး ငါတို့ မိမွေးတိုင်းဖမွေးတိုင်း ရိုးသားကြပါစို့)
လောကဓံဝတ်ရုံကို ဆင်မြန်းထားတဲ့ငါဟာ
လူကြီးတစ်ယောက်လို တည်ကြည်နေရလည်း
အရေခွံခွာချလိုက်တိုင်း
တခစ်ခစ်ရယ်မောနေချင်တဲ့ ကလေးငယ်တစ်ယောက်ပါ။
(ကျေးဇူးပြုပြီး ငါ့ကို...ကလိထိုးပါ)
“I don't want to disturb you” ဆိုတဲ့
ကတိစကားတစ်ခွန်း အလေးအမြတ်ထားခဲ့သူကို
“You can disturb me anytime” ဆိုတဲ့
ချွေးသိပ်စကားလေးနဲ့တောင်
ကူညီမဖေးမချင်ဘူးလား ငါ့ရဲ့ သူငယ်ချင်းမလေးရေ။
(ကျေးဇူးပြုပြီး ငါ့ကို နှောင့်ယှက်ပါ)
ချစ်လှစွာသော
ငါ့ရဲ့ ...သူငယ်ချင်းမလေးရေ။
ကျေးဇူးပြုပြီး ငါ့ကို ပြုံးရယ်ပြပါ
ကျေးဇူးပြုပြီး ငါ့ကို ကျီစယ်လှည့်ပါ
ကျေးဇူးပြုပြီး ငါ့ကို စိတ်ဆိုးလိုက်ပါ
ကျေးဇူးပြုပြီး ငါ့ကို ဆွဲဆိတ်ပစ်ပါ
ကျေးဇူးပြုပြီး ငါ့ကို မျက်စောင်းထိုးပါ
ကျေးဇူးပြုပြီး
ငါ့ကို... အချိန်အခါမရွေး နှောင့်ယှက်ပစ်လိုက်ပါ။
တကယ်တော့လည်း
ငါဟာ
(အချိန်အခါမရွေး) မင်း နှောင့်ယှက်တာကိုမှ
တမြတ်တနိုး မျှော်လင့်နေတတ်တဲ့
တေမိလက်သစ်လေးပါကွဲ့  ။။။
(ကျေးဇူးပြု ပြီး ငါ့ကို နှောင့်ယှက်ပါ)
--------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment