Monday, 20 October 2014

ချစ်ခြင်းပန်းခင်း


တစ်စုံတစ်ယောက်ရဲ့ နှလုံးသား (မြေလွတ်) တစ်နေရာမှာ
ချစ်ခြင်းမျိုးစေ့လေး ပျိုးကြဲရတာ (လွယ်သလို) ရှိပါတယ်။
(သူ၊သူမ လက်ခံတယ်ဆိုရင်ပေါ့)

သို့သော်
မိမိ ယုယပျိုးထောင်ခဲ့ပြီးသား ချစ်ခြင်းပန်းခင်းလေးကို
လောင်မီးမကျရအောင် ထိန်းသိမ်းရတာတော့ (မလွယ်ကူလှပါဘူး)။
(အပြန်အလှန် မျှတခိုင်မြဲကြမယ်ဆိုရင်တော့ တစ်မျိုးပေါ့)

ပန်းဖျက်ပိုး တစ်ကောင်ကြောင့်
ပန်းခင်းတစ်ခုလုံး ကြေမွပျက်စီးတာမျိုး ဖြစ်နိုင်သလို
ဥယျာဉ်မှူးရဲ့  လျစ်လျူ အလေးမထားမှုကြောင့်လည်း
ပန်းခင်းလေး ခြောက်သွေ့လောင်ကျွမ်းသွားတာမျိုးလည်း ဖြစ်နိုင်လေရဲ့ ။

သတိ။
ချစ်ခြင်းမေတ္တာဆိုတဲ့ ပန်းခင်းလေး
စိမ်းလန်းစိုပြေစေချင်ရင်တော့
အပြန်အလှန် သတိပေးပြီး အစဉ်မပြတ် ရေလောင်းပေါင်းသင်ပါ။
(နွေးထွေးတဲ့ နေရောင်ခြည်ဓာတ်လေးလည်း ပါဝင်ပါစေ)

-------------------
အိမ်ဝေးသူ(KZ)





No comments:

Post a Comment