အနုပညာနယ်ပယ်ကို ခြေချမယ့်သူဟာ
ကိုယ်ပိုင်ဟန် ရရှိလာအောင် ဖန်တီးကြိုးစားယူရပါလိမ့်မယ
အထူသဖြင့် စာရေးမယ့်သူတွေက
(ကဗျာ၊ ဆောင်းပါး၊ ဝထ္ထု၊ အက်ဆေး….)
တစ်စုံတယောက်ရဲ့  လောင်းရိပ်သြဇာများမှ ကင်းလွတ်တဲ့
ကိုယ်ပိုင်ဟန်အပြည့်နဲ့ အနုပညာမျိုးကို ဖန်တီးပျိုးထောင်သင့်တယ်။
မိမိကြိုက်တဲ့ မည်သည့် စာရေးဆရာကို ဖြစ်စေ
အတုယူပြီး ကြိုးစားရေးသားခွင့် ရှိပါတယ်။
အထူးသတိပြုရမှာကတော့
အတုယူတာနဲ့ ငှားယူသုံးစွဲတာ မတူဘူးဆိုတာပါပဲ။
ကိုယ်ပိုင်ဟန်မပါတဲ့ မည်သည့် အနုပညာမျိုးဖြစ်စေ
အချိန်ကြာမြင့်လာတဲ့အခါ အများက လက်မခံတော့ဘဲ ကျဆုံးတတ်ပါတယ်။
ဝန်ခံချက်။
အနုပညာလောကလို့ ကြီးကြီးကျယ်ကျယ် သုံးစွဲရလောက်အောင်
ကျွန်တော်ကိုယ်တိုင်က အနုပညာနယ်ပယ်မှာ သေးသိမ်မှုန်မွှားလွန်းသူ တစ်ဦးပါ။
ဒါပေမယ့်...ကျွန်တော် (ခံယူထားတာလေး) ကို မျှဝေတဲ့ သဘောမျှသာ
ဖြစ်တဲ့အတွက် သိပြီးသူများ၊ ကျင့်သုံးနေသူများ အနေနဲ့တော့ အချိန်အကုန်မခံဘဲ
ကျော်သွားနိုင်ပါတယ်ခင်ဗျာ။
--------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment