Friday, 3 October 2014

ယောက်ျား၊ ဖခင်(တန်ဖိုးထားခြင်း)



ယောကျာ်းတစ်ယောက်ရဲ့ 
ကိုယ်ကျင့်တရားနဲ့မာနကို
(အကြောင်းပြချက်သေးသေးလေးနဲ့)
အလွယ်တကူ အထင်သေးစော်ကားတတ်တဲ့
မိန်းမတစ်ယောက်က
သူမရဲ့ ဖခင်ကို ချစ်ကြောက်ရိုသေပါတယ်လို့
ပြောလာရင်…
ကျွန်တော်မယုံဘူး။
~~~~~~~~~~~~

ဒီနေရာမှာ...
ကျွန်တော် ပြောချင်တာ တစ်ချို့  ရှိပါတယ်။
ချစ်လို့ ပြောတယ်လို့လည်း မှတ်ယူစေလိုပါတယ်။

(၁)
ယောက်ျားတစ်ယောက်ဟာ
ရုပ်ဆိုးကောင်း ရုပ်ဆိုးမယ်။
ဆင်းရဲ့ ချို့ တဲ့ကောင်း ဆင်းရဲချို့ တဲ့မယ်။
ပညာမဲ့ကောင်း မဲ့မယ်။
ဒါပေမယ့် ယောက်ျားတိုင်းမှာ ရှိတာဟာ “ယောက်ျားမာန” ဖြစ်ပါတယ်။
အဲ့ဒီမာနကို ယောက်ျားတွေ တန်ဖိုးထားတတ်ကြတယ်။
အဲ့ဒါကို ထိပါးလာရင် ယောကျာ်းတိုင်း သည်းခံနိုင်စွမ်းမဲ့တတ်ကြတယ်။
မိန်းမ တစ်ယောက်အနေနဲ့ သတိထားဖို့ လိုပါတယ်။

(၂)
ယောက်ျားတွေဟာ
ပြင်ပလောကမှာ ရှာဖွေရုန်းကန်ရတဲ့သူတွေ ဖြစ်တဲ့အတွက်
“အမှားကျူးလွန်ဖို့ အခွင့်အရေး” ပိုရတတ်ကြပါတယ်။
ကျူးလွန်ကြတယ်လို့ မဆိုလိုပါဘူး။
အဲ့ဒီ့ ယောက်ျားကို မယုံကြည်ရင်၊ သံသယရှိရင်တော့ (ချစ်သူ၊မိန်းမ) အနေနဲ့
စောင့်ကြည့်ချင် စောင့်ကြည့်နိုင်ပါတယ်။
ဒါပေမယ့် ဘာမှ တိတိကျကျမသိဘဲ ယုန်ထင်ကြောင်ထင် အလွယ်တကူ
“စွပ်စွဲထိုးနှက်” တာမျိုးတော့ ဘယ်တော့မှ မလုပ်ပါနဲ့။
တနည်းအားဖြင့် သူတို့ကို အကြပ်ရိုက် စေတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

(၃)
တစ်ချို့ ယောက်ျားကောင်းတွေလည်း (မလူးမလွန့်သာအခြေအနေမျိုးကြောင့်)
အမှားကျူးလွန်ကောင်း ကျူးလွန်မိမယ်။ ဒါပေမယ့် သူတို့ အမှားကို ဝန်ချတောင်းပန်ပြီး
(အချစ်ရေ…ကိုယ့်ကို ခွင့်လွှတ်ပါ…နောင်ဘယ်တော့မှ ဒီလိုအမှားမျိုးကို မကျူးလွန်တော့ပါဘူးလို့)
ဝန်ချတောင်းပန် ကတိစကားဆိုလာခဲ့ရင်….သူ့ကို ခွင့်လွှတ်ဖြစ်အောင် ခွင့်လွှတ်ပါ။ တစ်ပြိုင်တည်း သူ့ခြေလှမ်းကိုလည်း စောင့်ကြည့်ပါ။

ဒီအကြောင်းအရာမှာ
“တစ်ခါခြံခုန်ဖူးတဲ့ နွား၊ နောက်တစ်ခါ ခြံခုန်မယ်” ဆိုတဲ့ စကား အကျုံးမဝင်ပါဘူး။
အဲ့ဒီ့ စကားရဲ့ သက်ရောက်မှုကြောင့်
မိသားစုဘဝတစ်ခုလုံးကို ကြေမွပျက်စီးစေတတ်တယ်။

တစ်ကြိမ်တခါမှားဖူးတဲ့ ယောက်ျားကို ခွင့်လွှတ်နားလည်ပေးပြီး
တည့်မတ်ပေးခြင်းဟာလည်း (ခွန်အားနည်းတဲ့) အမျိုးသမီးတွေရဲ့ 
လိမ္မာပါးနပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆမိကြောင်းပြောရင်း။။။။

ခင်မင်စွာဖြင့်...

--------------------
အိမ်ဝေးသူ(KZ)
--------------------

သတိ။
ယောက်ျားဝါဒီမဟုတ်သလို
ဝါဒီအားပေးသူလည်း မဟုတ်ပါ။
အိမ်ဝေးသူ.....ခင်ဗျားက မိန်းမဝါဒီလည်း မဟုတ်၊
ယောက်ျားဝါဒီလည်း မဟုတ်ဘူးဆိုတော့
ဘာဝါဒီလည်းလို့ မေးလာရင်....ရိုးရှင်းစွာ ဖြေပါရစေ။
ကျွန်တော်က...Straight စစ်စစ် တစ်ယောက်ပါ။ :)



No comments:

Post a Comment