(၁)
ငါ့မျက်ဝန်းညိုမှာမှ
တွဲလဲခိုပါရစေဆိုတဲ့ ကောင်မလေးရေ။
(၂)
(ချို၊ခါး) အတိတ်အချို့ နဲ့
အလွမ်းတစ်ပွေ့ ဖြည့်တင်းထားတဲ့
ဒဏ်ရာရ နှလုံးသားနှစ်ခု
မမြင်မစမ်းနဲ့ တိုးဝင်မိကြပီပေါ့။
(မြည်သံစွဲ အလင်္ကာမမြောက်ခဲ့ရှာဘူး)
(၃)
အနှုတ်နဲ့ အနှုတ်ပေါင်းလို့
အပေါင်းရတတ်သလို
အလွမ်းနဲ့ အလွမ်းပေါင်းပြီး
သစ်လွင်အချစ်တစ်ခု ဖြစ်ထွန်းမယ်ဆိုရင်
လွမ်းနေတတ်တဲ့ ငါ့နှလုံးသားလေး
လွမ်းလက်စနဲ့ နီစွေးနေပါစေတော့။
(၄)
ကြမ္မာကိုသာ တိုးလျှိုးတောင်းပန်လို့ရမယ
အသည်းနှစ်မြွှာကြားက
ထိုးထွက်လာမယ့် ချစ်ပင်ပျိုစိမ်းကို
ငါ…
တစ်ခုတ်တရ စောင့်ကြည့်ခွင့် ရချင်ပါသေးရဲ့ ကွယ်။။။
(ကျေးဇူးပြုပြီး ငါ့ကို………ခွင့်………………ပေးပါ)
---------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment