Saturday, 25 October 2014

မီး


အချစ်ဆိုတဲ့မီး
ကိုယ်တိုင်ရှာတွေ့ခဲ့မှတော့
ကမ္ဘာဦးမီးကို ဘယ်သူရှာတွေ့ခဲ့သလဲဆိုတာ
ကျွန်တော် (လုံးဝ) စိတ်မဝင်စားတော့ဘူး။

အချစ်ဆိုတဲ့ နှောင်တွယ်ခြင်းမီးပွားတစ်စ
ကိုယ်တိုင်ပျိုးယူခဲ့မှတော့
ကမ္ဘာဦးမီးပွားတစ်စရဲ့  ဇစ်မြစ်ကို
ကျွန်တော် (လုံးဝ) စိတ်မဝင်စားတော့ဘူး။

အချစ်ဆိုတဲ့ မီးလင်းဖိုလေး
ကာလတစ်ခုအထိ လင်းလက်ဖို့
ကျွန်တော့်နှလုံးသားကို မီးစာအဖြစ် ဖြည့်တင်းခဲ့မှတော့
ကမ္ဘာဦးလောင်စာတွေအကြောင်း
ကျွန်တော် (လုံးဝ) စိတ်မဝင်စားတော့ဘူး။

တစ်ခါတုန်းက
ရောမမြို့ ကြီး တဝုန်းဝုန်းလောင်ကျွမ်းတဲ့ ရှုခင်း
ဘုရင်နီရိုက သီချင်းလေးညည်းရင်း အရသာခံကြည့်ခဲ့ဖူးတယ်။
ပစ္စုပ္ပန်မှာ
ကျွန်တော့်နှလုံးသားလေး
နေစရာနေရာမဲ့အောင် တငွေ့ငွေ့ကျွမ်းလောင်တဲ့ ပြကွက်ဆန်းကို
အထူးတန်းတစ်နေရာမှာထိုင်ရင်
မျက်တောင်မခတ်တမ်း (သူမ) ရှုစားအားပေးနေလေရဲ့ ။။။

-------------------
အိမ်ဝေးသူ(KZ)



No comments:

Post a Comment