အပျော်ကျူးသူ
ချစ်သူ
မင်းရဲ့  မျက်ဝန်းတစ်စုံထဲ
မျှော်လင့်ချက်တွေ ကောက်ထည့်ပေးရတာ
ငါ…ပျော်တယ်။
ချစ်သူ
မင်းရဲ့  နှုတ်ခမ်းနှစ်လွှာထဲ
အပြုံးချိုချိုတွေ ဖြည့်ဆည်းပေးရတာ
ငါ…ပျော်တယ်။
ချစ်သူ
မင်းရဲ့  အရိုးခံပါးပြင်နှစ်ဘက်ပေါ်
ကြည်မြရွှင်မြူးခြင်းတွေ လိမ်းခြယ်ပေးရတာ
ငါ…ပျော်တယ်။
ချစ်သူ
မင်းရဲ့  လက်ဖဝါးနှစ်ခြမ်းပေါ်
သုခရနံ့တွေ လက်ဆင့်ကမ်းရတာ
ငါ…ပျော်တယ်။
ချစ်သူ
မင်းရဲ့ ဘဝ (တစ်ခု) ထဲ
ငါ့ဘဝ (ဆယ်ခု) အပ်နှင်းရလည်း
ငါ…ပျော်တယ်။
--------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment