Saturday, 18 October 2014

မိန်းမ,ဆန်လွန်းတဲ့အခါ



မိန်းမတစ်ယောက်က
မိန်းမ,ဆန်(လွန်း)တဲ့အခါ
မိန်းမ, မဆန်တော့ဘူး။

ဥပမာ။
မိန်းမတစ်ယောက်မှာ ရှိတဲ့ ထိတ်လန့်အားငယ်တတ်တဲ့ စိတ်သဘာဝဟာ
(ဘောင်တစ်ခုထားတဲ့အခါ) အလွန်ချစ်စရာ ကောင်းတဲ့ အမူအကျင့်လေးပါ။
သို့သော်...။
မိန်းမတစ်ယောက်မှာ ရှိတဲ့ ထိတ်လန့်အားငယ်တတ်တဲ့ လက်ဆောင်ကို
(တမင်တကာ ဒီဂရီတင်လိုက်ပြီး) လက်နက်တစ်ခုအဖြစ် အသုံးချလာတဲ့အခါ
တစ်ဘက်သားအတွက် ချစ်စရာကောင်းခြင်းရဲ့  ဆန့်ကျင်ဘက် အဖြစ်
ပြောင်းလဲသွားတတ်ပါတယ်။

မှတ်ချက်။
အပြုသဘောမျိုးနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။
အမြင်ဖလှယ်ချင်တဲ့ ပုံစံမျိုးလေး ဖြစ်ချင်တဲ့အတွက် စာရှည်ရှည်
မရေးခဲ့ခြင်းလည်းဖြစ်ပါတယ်။
အကယ်၍ ဘာဖြစ်လို့များ မိန်းမ မဆန်တော့တာလဲလို့ သိချင်စိတ်များ ဖြစ်ခဲ့ရင်
ပထမဦးစွာ လေ့လာသင့်တာက
(မိန်းမတို့ရဲ့  စိတ်သဘာဝ နဲ့ ယောက်ျားတို့ရဲ့  စိတ်သဘောထား) ပါပဲ။

--------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment