Monday, 6 October 2014

တိမ်ညိုသစ္စာ



ငါက
လေကွယ်မင်းသားကြီး
တိမ်ညို ပါ...လေချို ။

လေချို
မဖိတ်ဘဲရောက်လာတတ်တဲ့ မင်းကြောင့်
အငွေ့ပျံပစ်လိုက်ရတာဟာ ငါ့ဖြစ်တည်မှုပဲပေါ့
ဒါပေမယ့်
အဲ့ဒီ့ အငွေ့ပျံသွားတဲ့ ဖြစ်တည်မှုက
ကမ္ဘာမြေ စိမ်းလန်းဖို့
မိုးရေစက်တွေအဖြစ် အသွင်ပြောင်းသွားကြလေရဲ့ ။

လေချိုရေ
တကယ်တော့လည်း
ငါဟာ...
နေစရာ နေရာမဲ့အောင်
သစ္စာတရားကြီးတဲ့ တိမ်ညို ပါကွယ်။

--------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment