Thursday, 3 April 2014

ဝေးချင်း


နှင်းစက်ပုလဲ
ပြိုင်တူကြဲပြီ
မခွာမခွဲ
ကြေကွဲလျက်က
စက်ဝန်းရာသီ
ပြောင်းခဲ့ပြီမို့
စို့နင့်ဝေခွဲ
ခြေလှမ်းကျဲဖြင့်
မရွံ့ မရဲ လမ်းခွဲရတော့မည်...။

သြော်…
နောက်ဆုံးအခွင့်
ကြုံလင့်ကစား
ရင်မှာဝှက်ထား
ချစ်သက်လျာကို
မြတ်နိုးလိုကြောင်း
ခွင့်မတောင်းမိ…
ခွင့်မတောင်းမိခဲ့…
ခွင့်မတောင်းမိခဲ့ပါတကား...။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment