Saturday, 26 April 2014

လွမ်းတယ်


သူမကို
ကျွန်တော်…သိုသိပ်ကျစ်လျစ်စွာ
လွမ်းနေတယ်။

သူမ သောက်လက်စ
ကော်ဖီလက်ကျန်လေးကို
လွမ်းတယ်။
သူမနဲ့
နှစ်ကိုယ်ယှဉ်တွဲ လျှောက်ခဲ့ဖူးတဲ့
(ချစ်သူလမ်းကြား) လေးကို
လွမ်းတယ်။
သူမနဲ့
အပြိုင်အဆိုင် ငြင်းခုံခဲ့ရဖူးတဲ့
အကြောင်းအရာတစ်ချို့ ကို
လွမ်းတယ်။
ငြင်းခုံလို့ နိုင်သွားတဲ့အခါ
ဖြစ်သွားတတ်တဲ့ စပ်ဖြဲဖြဲ မျက်နှာလေးကို
လွမ်းတယ်။
သူမနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့
ညနေဆည်းဆာတွေကို
လွမ်းတယ်။
အဲဒီနေ့က
သူမ နောက်ဆုံးချန်ရစ်ခဲ့တဲ့
စို့စို့နင့်နင့် အကြည့်တွေကို
လွမ်းတယ်။
သူမ…
မရှိတော့ဘူး။
မရှိတော့တဲ့…သူမကို
ကျွန်တော်…သိုသိပ်ကျစ်လျစ်စွာ လွမ်းနေတယ်။
အိမ်ဝေးသူ (KZ)
( လွမ်းခွင့်ရှိတုန်း လွမ်းပါရစေ )

No comments:

Post a Comment