Monday, 14 April 2014

အဆိပ်သင့် နှလုံးသား


မဖြစ်သင့်တာတွေ ဆက်မဖြစ်အောင်
ရူးသွပ်နေတဲ့ စိတ်ရိုင်းကို
ခွဲစိတ်ဓားတစ်လက်နဲ့ ခွဲထုတ်လိုက်မိပြီ…။

မင်းပေးခဲ့တဲ့ စကားသံချိုချိုတွေကတော့
ငါ့...နှလုံးသားမှာ အဆိပ်သင့်နေတုန်းပဲလေ...။
အဆိပ်တွေ များလွန်းတော့
ငါ့ နှုတ်ခမ်းတွေတောင် ပြာချင်နေခဲ့...။
ဒါပေမယ့်
အဆိပ်ဖြေဆေးတွေ့တော့ အားကိုးတကြီးဖက်တွယ်
ပြီးတော့လည်း...မပျောက်နိုင်ခဲ့ပါဘူး...။
ငါ...က
ဆရာဝန်တစ်ယောက် မပာုတ်ခဲ့တာပဲလေ...။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment