Sunday, 27 April 2014

အမှားနှင့် လူအမျိုးအစား


(ပုံ-ရှင်းလင်းချက်ပါဝင်သည်)
အမှားတစ်ခုကို
ပထအအကြိမ် ကျူးလွန်သူသည်
(မသိနားမလည်သည့်)
လူသာမန် ဖြစ်သည်။

ထိုအမှားကို
ဒုတိယအကြိမ် ကျူးလွန်သူသည်
(သိလျက်နှင့်ကျူးလွန်သည့်)
လူညံ့ ဖြစ်သည်။
ထိုအမှားကိုပင်
ထပ်တလဲလဲ ကျူးလွန်သူသည်
(ခြင်တစ်ကောင်ထက်ညံ့သည့်)
လူမိုက် ဖြစ်သည်။
------000-------000----------
ရှင်းလင်းချက်။
အဘယ်ကြောင့် ခြင်တစ်ကောင်ထက် ညံ့သည်ဟု ဆိုရပါသနည်း။
ရှင်းပါသည်။
ခြင်တစ်ကောင်သည် အသွေးကို စုပ်ယူပြီး အသက်ရှင်ရသည့် အင်းဆက်ဖြစ်သည်။
ထိုနည်းတူစွာ လူတို့သည်လည်း အမှားများစွာနှင့် ရှင်သန်ရသော သတ္တဝါဖြစ်ပါသည်။
ခြင်တစ်ကောင်သည် တစ်စုံတစ်ယောက်တည်း၏ သွေးကိုသာ
နေ့စဉ်သုံးစွဲ မှီဝဲပါသလား။
မဟုတ်ပါ။
ခြင်တစ်ကောင်သည် မတူညီသော သက်ရှိတို့၏ မတူညီသော
သွေးအရသာများစွာကို စုပ်ယူပြီး အသက်ရှင်ပါသည်။
သို့ဆိုလျှင်...
လူတစ်ယောက်သည် ခြင်တစ်ကောင်ထက် သာမြတ်သင့်သည်ပေါ့။
အမှားမကင်းကြသည့် လူသတ္တဝါ ဖြစ်သည့်အတွက်
အမှားများကို ကျူးးလွန်ခွင့် အပြည့်အဝ ရှိကြပါသည်။
သို့သော်...
အမှားတစ်ခုကိုသာ ထပ်ခါတလဲလဲ ကျူးလွန်ခြင်းမျိုးတော့ မဖြစ်သင့်ပါ။
မတူညီသော အမှားများကို ကျူးလွန်ပါ။
မတူညီသော အမှားများက ပေးသော ဘဝသင်ခန်းစာနှင့် အတွေ့အကြုံများကို
မြိန်ရေယှက်ရေ စားသုံးပါ။
(တကယ်တော့ မတူညီသော အမှားများမှ မတူညီသော သင်ခန်းစာများကို စုပ်ယူသုံးစွဲ အသုံးပြုနိုင်သမျှ....ကျွန်တော်တို့ ခြင်တစ်ကောင်ထက် သာမြတ်ကြပါလိမ့်မည်)
အိမ်ဝေးသူ (KZ)

No comments:

Post a Comment