ခင်ဗျား…
ကျွန်တော်။
ခြားနားခြင်းက
ဆံချည်တစ်မျှင်စာ ဖြစ်နိုင်သလို
တစ်ကမ္ဘာစာလည်း ဖြစ်နိုင်ရဲ့ ။
ခင်ဗျားအပေါ်ကျတဲ့ မီးပွားတစ်စက်က
ကျွန်တော့် အတွက်တော့…
(ဟာကွာ…အဖြစ် သည်းလိုက်တာ) လို့
ပေါ့ပါးပျက်ရယ်ပြုစရာ ဖြစ်နိုင်ရဲ့ ။
(ကျွန်တော်က ခင်ဗျား မဟုတ်လို့ပေါ့)
ကျွန်တော့်အပေါ် ဖိတ်စင်တဲ့ ဖယောင်းတစ်စက်အတွက်
ခင်ဗျား အနေနဲ့
(အို…ငရဲမီးလို ပူလိုက်တာ ) လို့
ညှာတာထောက်ထားနိုင်မှာ မဟုတ်ပါဘူး။
(ခင်ဗျားက ကျွန်တော် မဟုတ်လို့ပေါ့)
ဟုတ်ပါတယ်။
သူ့ဘက် ကိုယ့်ဘက် ဆိုတာနဲ့တင်
ကျွန်တော်တို့ ကမ္ဘာခြားနေကြပါတယ်။
အိမ်ဝေးသူ (KZ)
ဆံချည်တစ်မျှင်စာ ဖြစ်နိုင်သလို
တစ်ကမ္ဘာစာလည်း ဖြစ်နိုင်ရဲ့ ။
ခင်ဗျားအပေါ်ကျတဲ့ မီးပွားတစ်စက်က
ကျွန်တော့် အတွက်တော့…
(ဟာကွာ…အဖြစ် သည်းလိုက်တာ) လို့
ပေါ့ပါးပျက်ရယ်ပြုစရာ ဖြစ်နိုင်ရဲ့ ။
(ကျွန်တော်က ခင်ဗျား မဟုတ်လို့ပေါ့)
ကျွန်တော့်အပေါ် ဖိတ်စင်တဲ့ ဖယောင်းတစ်စက်အတွက်
ခင်ဗျား အနေနဲ့
(အို…ငရဲမီးလို ပူလိုက်တာ ) လို့
ညှာတာထောက်ထားနိုင်မှာ မဟုတ်ပါဘူး။
(ခင်ဗျားက ကျွန်တော် မဟုတ်လို့ပေါ့)
ဟုတ်ပါတယ်။
သူ့ဘက် ကိုယ့်ဘက် ဆိုတာနဲ့တင်
ကျွန်တော်တို့ ကမ္ဘာခြားနေကြပါတယ်။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment