"နောင်တ" ရစရာ အကြောင်းတရားတွေ
အမျိုးအစားလိုက် တော်တော်များများ ရှိတတ်ကြပါတယ်။
အဲဒီအထဲမှာ...
အချစ်စစ်တစ်ခုကို တကယ် လက်တွေ့ ကြုံလိုက်ရတယ်။
ပြီးတော့ အချစ်စစ်နဲ့
ပေါင်းစည်းဖို့ အခြေအနေတစ်ခုကို
ဖန်တီးမယ်ဆိုရင်...တကယ်ဖန်တီးနိုင်တဲ့
အခြေအနေတစ်ခုလည်း ရှိနေတယ်။
ဒါပေမယ့်....
မိဘအသိုင်းအဝိုင်း...
ငွေကြေးရာထူး...
ဂုဏ်သိက္ခာတရား...စသဖြင့်
တစ်စုံတရာကြောင့် အဲဒီ အချစ်စစ်နဲ့
နီးစပ်ရာ နီးစပ်ကြောင်း မကြိုးစားဘဲ
( ငါ့ထိုက်နဲ့ ငါ့ကံသာ ရှိပါစေတော့လေ ) လို့
လက်လျှော့လိုက်သူတွေ...
ရတတ်တဲ့ ( နောင်တ..နောင်တ...နောင်တ ) က
ဘာနဲ့မှ မတူပါဘူး...
နပိုလီယံက သူကျဆုံးချိန်မှာ တောင်းဆိုခဲ့တာ...
သူမှားခဲ့မိတဲ့ ( အချိန် ) နည်းနည်းလေးကိုပါ။
ဥပမာ...
မိဘကြောင့်....ချစ်သူနှစ်ဦး (ကျေနပ် ၊ကြေကွဲ) လမ်းခွဲကြမယ်ဆိုပါစို့။
အဲဒီမိဘတွေကလည်း အမှားမကင်းတဲ့
လူသတ္တဝါတွေ ဖြစ်တယ်ဆိုတာကို
သားသမီးတွေက ထည့်စဉ်းစားရမယ်။
ပြီးတော့...မိဘတွေက
( ငါ့သားလေး ကောင်းစားစေချင်လို့ပါ)
(ငါ့သမီးလေး ကောင်းစားစေချင်လို့ပါ) လို့ ရုပ်ရှင်ထဲက မျက်နှာပေးတွေနဲ့
သားသမီးတွေကို ချုပ်နှောင်တတ် ကြတယ်။
ဒါပေမယ့်....
သားသမီးတွေ သိရမှာက
အဲဒါဟာလည်း မိဘတွေက
ပုံစံတစ်မျိုးနဲ့ ( သူတို့အတ္တကို သူတို့ တည်ဆောက်ကြတာပါ )
ခေါင်းစဉ်ကတော့ လှတာပေါ့လေ။
ဆိုပါစို့။
ချစ်သူ နှစ်ဦး ရှိတယ်။
ကောင်လေးက ကောင်မလေးကို ချစ်ပြီး
ကောင်မလေးကလည်း ကောင်လေးကို ချစ်တယ်
မိဘတွေက သဘောမတူဘူး။
ကောင်မလေးကိုဖြစ်စေ...ကောင်လေးကို ဖြစ်စေ...
အခြားတစ်ယောက်ယောက်နဲ့ ပေးစားပစ်လိုက်ချင်တယ်။
ဒီလောက်နဲ့တင် ပွဲပြီးသွားပြီလား..?
ပွဲက အခုမှ စ..တာပါ။
ကောင်လေးကို သူ့အိမ်က တစ်ခြားတစ်ယောက်ယောက်နဲ့
ပေးစားမယ်ဆိုပါစို့။
(ခံစားမှုတွေကို အဆိပ်ခတ်ပြီး သတ်ပစ်နိုင်ရင်တောင်)
စီးပွားတွက်တွက်ပေါ့...
ကောင်မလေး ထည့်စဉ်းစားရမှာက....
မိဘတွေ...သဘောတူသူနဲ့ ယူလိုက်ရင်...
ရလာမယ့် အကျိုးအမြတ်...
ကိုယ့်စတေးမှုက
ကိုယ့်ကို ဘယ်လောက်ထိ ပြန်စိတ်ချမ်းသာစေမလဲ...
အဲဒီကောင်လေးက....
၁....ဒါလည်း မကောင်းဘူး။
၂....ဒါလည်း မကောင်းဘူး။
၃....ဒါလည်း မကောင်းဘူး။
၎....ဒါလည်း မကောင်းဘူး။
၅.....သြော်...ဒါလေးတော့ ကောင်းတယ်။
..................................
အချက်တွေကို ရှာကြည့်.....
ပြီးရင် ကိုယ့်ချစ်သူကိုလည်း....
အားနည်းချက်...အားသာချက်တွေကို ရှာကြည့်....
ညီမျှခြင်း ချကြည့်လို့ ကိုယ့်ချစ်သူက
(မိဘ သဘောမတူတာ တစ်ချက်ကလွဲရင်)...
ကျန်တာ သာနေတယ်....ဆိုရင်
ကိုယ့်ချစ်သူကို ရွေးချယ်ရမှာပေါ့။
(မျှတတဲ့သူ) ဖြစ်ချင်ရင်...။
စီးပွားတွက် တွက်ရင်တောင်...သိသာထင်ရှားနေတာကို
ရှိပါစေတော့လို့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ရင်တော့
နပိုလီယံထက် ဆိုးတဲ့ နောင်တမျိုးကို ရင်ဆိုင်ရနိုင်တယ်။
တကယ်လို့ ကိုယ့်ချစ်သူဘက် အားနည်းချက်
တစ်စုံတရာ ရှိခဲ့ရင်လည်း....
(ရာသက်ပန်အတွက် တစ်ခါတည်း အဲဒီအားနည်းချက်ကို
ပြင်ဆင်ဖို့ ကတိတောင်းပါ)
ပြီးရင် ဆုံးဖြတ်ချက် ချလိုက်ပါ။
သူများ ဆုံဖြတ်ချက် ချပြီး လည်စင်းပေးလိုက်ရတာထက်စာရင်...
ကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်။
လိုအပ်ရင်...ကိုယ်တိုင် လည်စင်းပေးလိုက်။
နောင်တ ရစရာ အကြောင်းမရှိ။
( အဲလို နောင်တတွေကို တစ်ပွေ့တပိုက်ကြီး ပွေ့ဖက်ခဲ့ဖူးတဲ့ )
အိမ်ဝေးသူ (KZ)
မှတ်ချက်။
တိုက်ဆိုင်မှု ရှိရင်လည်း ခွင့်မလွှတ်နဲ့။

No comments:
Post a Comment