နှလုံးသားက
နာကျင်မှုကို မခံစားနိုင်တော့တဲ့အဆုံး
မျက်လုံးတွေကို တောင်းပန်စကား ဆိုတယ်။
မျက်လုံးရေ...ကျေးဇူးပြုပြီး...
မင်းရဲ့ အကြည့်တွေကို လျှော့ချပစ်လိုက်ပါလား
မင်းမြင်ရလေလေ..
ငါ...နာကျင်ခံစားရလေလေပဲ...တဲ့။
အဲဒီတော့...
မျက်လုံးက ကျလက်စ မျက်ရည်စတွေနဲ့ ပြောတယ်။
နှလုံးသားရေ...ကျေးဇူးပြုပြီး
အတိုင်းအတာ တစ်ခုထိ ပိုပြီး မခံစားပါနဲ့ကွာ...
မင်း...နာကျင်ခံစားလေလေ...
ငါ....ငိုကြွေးရလေလေပဲတဲ့။
အဲဒီနေ့ကို
ကျွန်တော် မမှတ်မိခဲ့ပါဘူး...
ဒါပေမယ့်.. အငိုနည်းပြီး...
အကြည့်တွေ လျှော့တတ်လာခဲ့တာတော့ ကြာခဲ့ပြီ။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment