Tuesday, 1 April 2014

အားနည်းချက်နဲ့ မှန်ဘီလူး


မိမိရဲ့ အားနည်းချက်တွေကို
တစ်ပါးသူ(တွေ)ရှေ့ မှာ ချပြတတ်သူတွေဟာ
နှစ်မျိုးသော တုံ့ပြန်မှု ပြန်ရတတ်ကြပါတယ်။
(မျှော်လင့်ထားသည်ဖြစ်စေ...မမျှော်လင့်ထားသည်ဖြစ်စေ)

ပထမ တစ်မျိုးက...
မိမိရဲ့ အားနည်းချက်ကို.....အားပေး ဖေးမသူ။
ဒုတိယတစ်မျိုးကတော့
မိမိရဲ့ အားနည်းချက်ကို...ကဲ့ရဲ့  အခွင့်အရေးယူတတ်သူ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိတ်ဆွေတစ်ချို့ က...
ပုံကြီးချဲ့ ပေးတတ်တဲ့ မှန်ဘီလူးနဲ့တူတယ်။
ကျွန်တော်တို့ရဲ့ မူရင်းအားနည်းချက်ကို ပိုပိုသာသာ ပြစ်တင်ဝေဖန်တတ်တယ်။
(အပြုသဘောမပါတဲ့ ဝေဖန်မှုမျိုး)
အဲလို မိတ်ဆွေမျိုးက မိမိရဲ့ အားနည်းချက်ကို အသုံးချပြီး
လစ်ရင်လစ်သလို အခွင့်အရေး ယူတတ်တယ်။
အဲလို...လူမျိုးရှေ့ မှာ....မိမိအားနည်းချက်ကို
ဘယ်တော့မှ...ချမပြလိုက်ပါနဲ့....။
နောက်မိတ်ဆွေတစ်ချို့ ကတော့...
ပုံကြီးကို သေးသေးလေးဖြစ်အောင် ချုံ့ ပေးတတ်တဲ့
မှန်ဘီလူးမျိုးနဲ့တူတယ်။
ဖေးမလိုစိတ်အရင်းခံတော့...
မိမိရဲ့ အားနည်းချက်ကို လူအများရှေ့ မှာ အရှက်ခွဲသလို
ဝေဖန်ပြစ်တင်တာမျိုး မလုပ်တတ်ဘူး။
တိုးတိုးတိတ်တိတ် မိမိကို နှစ်ကိုယ်ကြား ပြောဆို ဆုံးမတတ်တယ်။
အဲလို လူမျိုးနဲ့ ဆုံပြီဆိုရင်တော့
မိမိအားနည်းချက်ကို ဝေဖန်ခံလိုက်ပါ။
အားပေးစကားကို...မက်မောတပ်မက်ကြတဲ့
ကျွန်တော်တို့တတွေဟာ
တစ်ပါးသူပေးတဲ့ အားပေးစကားတွေကိုပဲ
မျှော်လင့်စောင့်စားနေရင်းနဲ့
မိမိက...
မိမိကိုယ်ကို
သတ္တိရှိရှိ အားပေးခြင်းရဲ့ 
ခွန်အားနဲ့ ထိရောက်မှုကိုတော့
လစ်လျူ ရှူ နေတတ်ကြပါတယ်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment