အမိ၊ အဖ နှစ်ဦးစလုံး
သက်ရှိထင်ရှား ရှိနေတာထက်
သာမြတ်တဲ့…”ပြည်စုံခြင်း” မျိုး
ဒီကမ္ဘာမြေမှာ မရှိဘူး။
(အဲဒီအချိန်မှာ…သင် ရရှိနေတဲ့ “ပြည့်စုံခြင်း” ရဲ့ အရသာကို အပြည့်အဝ ခံစားပါ)
အဖေ၊ အမေ ဆိုတဲ့ ဝေါဟာရကို
တွဲသုံးခွင့်မရှိတော့တဲ့နေ့ဟာ
“ပြည့်စုံခြင်း”ကလည်း…သင့်ဘဝထဲကနေ
သင့်ကို လက်ပြနှုတ်ဆက်သွားတဲ့နေ့ပဲ။
(အဖေ (သို့) အမေလို့ ခေါ်ခွင့်မရှိတဲ့ ခံစားမှုကို ငြင်းချက်မရှိ သင် ခံစားရလိမ့်မယ်)
“ပြည့်စုံခြင်း”က ခွဲခွာပြီးတဲ့နောက်
သင့်ဘဝထဲကို ဝင်ရောက်လာမှာကတော့
“မပြည့်စုံခြင်း” ပဲ။
သြော်…စကားမစပ်
ဒီစာကို ရေးတဲ့သူလည်း
(မပြည့်စုံသူတစ်ယောက်ပါပဲ) တဲ့။
မှတ်ချက်။
မိဘနဲ့ ပက်သက်ရင်
တစ်ချို့ က....အမှတ်တရ များစွာ ကျန်ခဲ့တတ်တယ်။
တစ်ချို့ က....နောင်တတရား များစွာ ကျန်နေခဲ့တတ်တယ်။
သေချာတာကတော့...
ဒုတိယ အမျိုးအစားအတွက်
ကျွန်တော်တို့...ခံနိုင်ရည်မရှိဘူး ဆိုတာပါပဲ။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment