Friday, 1 May 2015

ကျေးဇူးပါ...ညီလတ်ရေ


ကလေးနှစ်ယောက်အဖေ ညီလတ်ဖုန်းဆက်လာတယ်။
သိပ်မကြာခင်ရက်ပိုင်းအတွင်း
လက်ထပ်တော့မယ် ကျွန်တော့်ငယ်ချစ်ဦးအကြောင်းကို
ပြောပြပြီး ညီလတ်က ဖုန်းထဲမှာ ရှိုက်ကြီးတငင် ငိုတယ်။
x
ကျွန်တော်က
ဘာမှ မဖြစ်တော့ဘူး၊ အေးဆေးပါပဲလို့ ပြောတော့
ကိုကြီး အသက်ဘယ်လောက်ကြီးသွားပါစေ၊
ကိုကြီး ဘယ်လောက်အချစ်ကြီးခဲ့သလဲဆိုတာ
ညီလတ် ဟိုးငယ်ငယ်ကတည်းက သိနေခဲ့တာပဲတဲ့။
x
မပူနဲ့ ညီလတ်...ကိုကြီးကိုယ်တိုင် ချစ်ပေမယ့်
သူ့ကို ကျေကျေနပ်နပ်ကြီး နေရစ်ခွင့်ပေးခဲ့တာပဲဆိုတော့
အဲ့ဒါကြောင့် ပိုပြီး ဝမ်းနည်းမိတယ်တဲ့...။
ကျွန်တော့်ကို စိတ်မကောင်းမဖြစ်ဖို့
တတွတ်တွတ် မှာလိုက်တာများ...သူက အကိုကြီးလိုပဲ။
x
သိပ်ပြီးတော့ နာကျင်ခံစားမနေပါနဲ့တော့ တဲ့။
သူလည်း မင်္ဂလာဆောင်ကို မသွားချင်ဘူးတဲ့။
ကျွန်တော်လည်း သွားလိုက်ပါလို့ ချော့ပြောရတယ်။
ဘာပဲဖြစ်ဖြစ်...
အကိုကြီးဖြစ်သူ နာကျင်နေမလားဆိုပြီး
စိုးရိမ်တကြီး ဖုံးဆက်သတင်းမေးဖော်ရတဲ့အတွက်
ညီလတ်ရေ....တကယ့်ကို လှိုက်လှုက်လှဲလှဲ ကျေးဇူးပါ။
(အကိုကြီးအတွက် ကျခဲ့တဲ့မျက်ရည်တွေ အလဟသ မဖြစ်စေရပါဘူး)
x
တစ်ခါတလေတော့လည်း
မောင်နှမဆိုတာ
နီးနေရင်သာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် ရန်ဖြစ်လိုက်၊ အော်ဟစ်လိုက်နဲ့။
တကယ်တမ်း လိုအပ်တဲ့အချိန်အခါမျိုးမှာတော့
တစ်ယောက်အတွက် တစ်ယောက်က ကျောခင်းပေးဖို့အသင့်။
x
ဒီလိုနဲ့ပဲ
၂၀၁၅ မေဒေးကလည်း
ကျွန်တော့်အတွက် အမှတ်တရတစ်ခုတိုးခဲ့ရပြန်ပြီ။

--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment