ငါ့နေရာမှာ ငါရပ်နေမည်
ငါ့ဘဝထဲကို
ဝင်လာလျှင်လည်း
ငါ ဖြူ စင်စွာ လက်ခံခဲ့သည်။
x
ငါ့ဘဝထဲက
ထွက်ခွာသွားလည်း
ငါ ကြည်ဖြူ စွာ လက်ခံခဲ့သည်။
x
ငါ့ဘဝထဲကို
ဝင်လာသူတွေလည်း ရှိမည်။
ငါ့ဘဝထဲက
ထွက်ခွာသွားသူတွေလည်း ရှိမည်။
(မည်သူ့ကိုမျှ တစ်စုံတစ်ရာဖြင့် မထိန်းချုပ်ပါ)
x
ခင်မင်ရင်းနှီးမှုကို
လိမ်လည်လှည့်ဖြားမှုများဖြင့်
ဘယ်တုန်းကမျှ...ငါ တည်ဆောက်ခဲ့ခြင်းမရှိ။
(အတတ်နိုင်ဆုံး ဖြူ စင်အောင် ကြိုးစားခဲ့သည်)
x
နေလိုက နေကြပါ။
သွားလိုကလည်း သွားကြပါ။
ငါကတော့
ငါ့နေရာမှာ ငါရပ်နေမည်ဖြစ်သည်။
(ပြီးတော့...ငါ့လိပ်ပြာ ငါ...သန့်ပါသည်)
-------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment