Monday, 4 May 2015

မိန်းမအချစ်၊ ယောက်ျားအချစ်


မိန်းမအများစုက
အချစ်နဲ့ပက်သက်လာရင်
အပြောထက် လုပ်ရပ်တွေနဲ့ သက်သေပြတတ်ကြတယ်။
(ဘဝ + ဂုဏ်သိက္ခာ ကိုပါ ရင်းပြီး ချစ်ရဲတတ်ကြတယ်)
x
ယောက်ျားအများစုက
အချစ်နဲ့ပက်သက်လာရင်
လုပ်ရပ်ထက် အပြောတွေနဲ့ သက်သေထူတတ်ကြတယ်။
(တကယ်လိုအပ်လာရင် စွန့်စားဖို့ထက် နောက်တွန့်သွားကြတာများတယ်)
x
ဘာပဲဖြစ်ဖြစ်
အချစ်အတွက်နဲ့ စွန်းစားရဲကြတာ ယောက်ျားလေးတွေထက်
မိန်းကလေးတွေက ပိုတယ်ဆိုတာတော့ ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။
အချစ်ကို ပိုပြီးတန်ဖိုးထားတတ်ကြတယ် ဆိုတဲ့
ရှုထောင့်ကို အဓိကထားပြီး ပြောချင်တဲ့အတွက်
စဉ်းစားဆင်ခြင်ဥာဏ်နည်းလို့ အဲ့ဒီလို လုပ်ကြတာပဲဆိုတဲ့
ရှုထောင့်ကိုလည်း သယ်မလာစေချင်ပါဘူး။
(အများစုဆိုတာ အားလုံးကို ရည်ရွယ်တာမဟုတ်ပါဘူး)

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment