Saturday, 16 May 2015
မိဘများသို့ ပန်ကြားချက်
သားသမီးတွေက
သူတို့အပြစ်ကို မိဘအကြီးအကဲထံမှာ
သတ္တိရှိရှိ ဝန်ခံတင်ပြရဲကြပါသလား...?
x
မိဘတွေက
သားသမီးတွေကို
အဲ့ဒီ့အလေ့အထမျိုး သင်ကြားပေးခဲ့ပါသလား?
x
အကယ်၍
သားသမီးတွေက
သူတို့အပြစ်တစ်ခုခုကျူးလွန်ခဲ့မိပြီး
မိဘတွေထံမှာ တင်ပြဆွေးနွေးတတ်ရင်
အဲ့ဒီ့သားသမီးတွေကို ထိန်းကျောင်းတဲ့ပုံစံ မှန်တယ်။
x
သားသမီးတွေက
သူတို့အပြစ်တစ်စုံတစ်ရာကို
မိဘထံမှာ မတင်ပြရဲလောက်အောင်ဖြစ်နေရင်
အဲ့ဒီ့သားသမီးတွေကို ထိန်းကျောင်းတဲ့ပုံစံမှာ
ချို့ ယွင်းအားနည်းချက် တစ်ခုခု ရှိနိုင်ပါတယ်။
x
ကိုယ့်အပြစ်ကို သတ္တိရှိရှိဝန်ခံရဲတတ်စိတ်က
မိဘနဲ့ သားသမီးကြားမှာ
(ယုံကြည်မှု) ကို တည်ဆောက်ပြီးသား ဖြစ်စေတယ်။
x
အဲ့ဒီ့လို အလေ့အကျင့်မျိုးကို
လေ့ကျင့်ပျိုးထောင်ပေးခဲ့ခြင်း မရှိခဲ့ရင်တော့
မိဘကိုယ်တိုင်က သားသမီးတွေကို
(လိမ်ညာ) တတ်အောင် တွန်းအားပေးလိုက်သလိုပါပဲ။
x
မိဘများအနေနဲ့
ကိုယ့်သားသမီးတွေကို
ထိန်းကျောင်းတဲ့ပုံစံတွေကို ဆန်းစစ်နိုင်ပါစေ။
ထိန်းကျောင်းတဲ့ပုံစံ မှားယွင်းခဲ့ရင်
အမြန်ဆုံး အမှန်ဘက်ကို ဦးတည်နိုင်ပါစေ။။။
-------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment