Sunday, 10 May 2015

မြင်းမိုရ်တစ်ခြမ်း ဘယ်သူထမ်း


~~~~~~~~~~~~~~~~~~~~~~
ပဲ့ကြွေသွားတဲ့
မြင်းမိုရ်တောင်တစ်ခြမ်းအတွက်
နှုတ်ဖျားမှာ ပန်းတွေမပွင့်နိုင်ရှာဘူး။
x
လက်ကျန် မြင်းမိုရ်တောင်တစ်ခြမ်း
ဘေးမသီရန်မခ၊ သက်တော်ရှည်ဖို့
ထမ်းပိုးဆုတောင်းနေရတာနဲ့တင်
ကိုယ့်ကိုယ်ကို မေ့နေတာတောင်ကြာပြီ။
x
လူမသိသူမသိ
လက်ကျန်ရက်တွေနဲ့
ဘဝကို အဓိကထမ်းပိုးနေရတော့
လူသိများတဲ့ ကမ္ဘာကျော်နေ့က
ကျွန်တော့်အတွက် တိတ်ဆိတ်လွန်းလှရဲ့။
x
ဘာပဲဖြစ်ဖြစ်
ပြန်သွားသူတွေ လမ်းရှင်းပါစေ။
ပြန်မယ့်သူတွေလည်း လမ်းထင်းပါစေ။
လောင်ကျွမ်းနာကျင်ခြင်းတို့ အသက်တိုပါစေ။
ကြည်နူးအေးမြခြင်းတို့ သက်တော်ရှည်ပါစေ။

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment