အေရိုး၊ ငိုးမသား၊ ယီးပဲ၊ ဖျင်ယား၊ ဖျင်ခံ
ဖျာသည်မ၊ နမလ၊ ကမကလ၊ ငလမသ၊ ဖသမသ။
x
တကယ်တော့
ဒီလို အသုံးအနှုန်းတွေကို ကျွန်တော်မတင်ပြချင်ပါဘူး။
ဒါပေမယ့် သတိလက်လွတ် ဆဲဆိုနေကြတာတွေကို
မကြာခဏဆိုသလို တွေ့တွေ့နေရလို့ ရေးဖြစ်သွားတာပါ။
အခုလည်း ကျွန်တော် မြင်မိသမျှလောက်သာ ရေးပြလိုက်တာပါ။
ကျွန်တော် မသိ၊ မမြင်သေးတဲ့ ဆဲနည်းတွေ အများကြီး ရှိဦးမှာပါ။
x
ကျွန်တော်တို့က
မိမိ ဒေါသကို ထိန်းသိမ်းခြင်းမရှိဘဲ (သို့)
ထိန်းသိမ်းမြိုသိပ်နိုင်အော
ဒီလို သွယ်ဝိုက်တဲ့ ဆဲဆိုနည်းတွေသုံးပြီး
အပြိုင်အဆိုင် ဆဲဆိုပုတ်ခတ်နေကြတာတွေဟာ
အင်မတန်မှ အကျည်းတန်လွန်းလှပါတယ်။
(အထူးသဖြင့် မွတ်စလင်မ်တွေ ပိုပြီး ထိန်းသိမ်းရမှာပါ)
x
မိမိကတော့
လူတွေ အမြင်မရိုင်းလောက်မယ့် သွယ်ဝိုက်အသုံးတွေကိုသုံးပြ
ဆဲဆိုလိုက်ပေမယ့် မြင်ရတဲ့သူတွေက ဘာကို ဆိုလိုမှန်းတန်းသိကြတာပဲ။
သိပ်ဆိုးရွားတာက ဒေါသအလျောက် ဆဲဆိုတတ်တာ လုပ်လေ့လုပ်ထ ရှိကြပေမယ့်
ဆဲတတ်တဲ့ အကျင့်ဆိုးက မိမိဆီမှာ ရောဂါတစ်ခုလို ကပ်ပြီး ပါလာတတ်တာပါပဲ။
x
တစ်ခါတလေ စိတ်ပျက်စရာတချို့ ကို မျက်စိနဲ့ မြင်ရတတ်တယ်။
အဲ့ဒါက ဘာလဲဆိုတော့
မွတ်စလင်မ် မိတ်ဆွေတချို့ ရဲ့ စိတ်ပျက်စရာ စတေးတပ်စ်တွေပါ။
@ စတေးတပ်စ်(၁) @
Jummah Mubarrak to my dear friends ဆိုတာမျိုးတွေ ရေးထားတယ်။
သောကြာနေ့အတွက် ကောင်းချီးမင်္ဂလာအကြောင်းတွေ
@ စတေးတပ်စ်(၂) @
ငိုးမသားတွေ.............xx
ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက
ဒီလိုတွေမြင်ရတာ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။
အပေါ်က စတေးတပ်စ် (၁) ကို ကြည့်ပြီး ရတဲ့ စိတ်ချမ်းမြေ့မှုက ချက်ချင်းဆိုသလို
ပျောက်ပျက်သွားတာပါပဲ။ အဲ့ဒီ့လို စတေးတပ်စ် ၂ ခုကို စာမျက်နှာတစ်ခုတည်းပေါ်မှာ
အပေါ်အောက်ဆိုသလို မြင်ရတာဟာ သိပ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ရုံမကဘဲ
အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေန
x
ကျေးဇူးပြုပြီး
မွတ်စလင်မ် တစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ဆဲဆိုတာကို လျှော့ပါ။
ကျွန်တော်တို့အကောင့်တွေမှာ
နှမအရွယ်၊ အစ်မအရွယ်၊ အမေအရွယ်တွေ၊ ဝါကြီးသူတွေ စသဖြင့်
လူအမျိုးမျိုးအဖုံဖုံ ပါဝင်နေကြတယ်ဆိုတာကိုလည်း မမေ့စေချင်ပါခင်ဗျာ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
No comments:
Post a Comment