အစ္စလာမ်ဆိုတာ
ခန္ဓာကိုယ်ကြီးတစ်ခုနဲ့တူတယ်ဆိုရင်
ခေါင်းအခေါက်ခံရပေမယ့်
ရင်ဘတ်ထဲကလည်း နာတတ်ရပါလိမ့်မယ်။
x
ယခုလက်ရှိ
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
ပင်လယ်ပြင်မှာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
မွတ်စလင်မ့်အရေးအတွက် ခေါင်းကိုက်နေကြရတယ်။
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
ခြိမ်းခြောက်စော်ကားမှုတွေနဲ့ ကြုံဆုံနေကြရတယ်။
x
သူတို့ကို
ကိုယ်ချင်းစာတဲ့အကြောင်း ပြသဖို့၊
သူတို့နဲ့အတူ
နာကျင်မှုတွေကို မျှဝေခံစားနေကြောင်းပြဖို့
ကျွန်တော်တို့လည်း
ပင်လယ်ပြင်ထဲ လှေတွေနဲ့ ဆင်းပြစရာ မလိုပါဘူး။
သူတို့လို ခေါင်းဆောင်နေရာ ဝင်ယူပြစရာ မလိုပါဘူး။
သူတို့လို အခြိမ်းခြောက်ခံပြစရာ မလိုပါဘူး။
x
ဒါဆိုရင်
ကိုယ်ချင်းစာတရားကို ဘယ်လိုပြသကြမလဲ?
x
အနည်းဆုံး မျက်ရည်တစ်ပေါက်စီကျပြီး ဒိုအာတောင်းပါ။
နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝဖြစ်စဉ်တွေကို
ပြစားမှု ၊ ကြွားဝါမှုတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း
အရိုးရှင်းဆုံး ဖြတ်သန်းပါ။
x
မိမိ ဒံပေါက်ထမင်း စားတာ၊ မစားတာ မိမိကိစ္စပါ။
အသျှင်က ရိုဇီရိက္ခာကို ချီးမြှင့်လို့ စားခွင့်ရတာ ဝမ်းသာစရာပါ။
သို့သော်...
မိမိ မြိန်ရေရှက်ရေစားသောက်နေတာတွေကို
ထမင်းတစ်လုတ်အတွက်
ဂုဏ်သိက္ခာပါ ထိပါးခံနေရသူတွေ မြင်ပြီး
စိတ်မကောင်းဖြစ်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ပါ။
(အခြားသော အလားတူကိစ္စတွေကိုလည်း ရှောင်ရှားပါ)
x
မိတ်ဆွေ သားချင်းတွေကို ပြသင့်တယ်လို့ ထင်တဲ့
ပျော်ရွှင်ကြည်နူးမှုတွေကို အထိုက်အလျောက် ပြသပါ။
မပြသင့်တာတွေကိုတော့ မိမိတစ်ကိုယ်စာသာ ခံစားကြည်နူးပါ။
မိမိရဲ့ အပြုအမူကြောင့်
လူတစ်ယောက်က စိတ်မချမ်းမြေ့ခြင်းတွေနဲ့ ကင်းလွတ်ခဲ့မယ်ဆိုရင်
အဲ့ဒါဟာ မိမိအရိုးသားဆုံး ရရှိလိုက်တဲ့ ကောင်းမှုကုသိုလ်တစ်ခုပါပဲ။
x
အဲ့ဒီလိုမှ မဟုတ်ဘဲ သတိလက်လွတ်နေကြမယ်ဆိုရင်
လှေပေါ်ကို ရောက်နေတဲ့သူတွေထဲမှာ
မိမိလည်း အချိန်မရွေးပါသွားနိုင်တယ်ဆိုတာကို သတိပြုပါ။
ထမင်းတစ်လုတ်အတွက် ဂုဏ်သိက္ခာစွန့်ရမယ့်သူတွေထဲမှာ၊
နည်းအမျိုးမျိုးနဲ့ အခြိမ်းခြောက်ခံရတဲ့သူတွေထဲမှာ၊
သာသနာ့အရေးအတွက် ခေါင်းကိုက်နေကြသူတွေထဲမှာ
မိမိလည်း အချိန်မရွေးပါသွားနိုင်တယ်ဆိုတာကို သတိပြုပါ။
x
မိမိကိုယ်တိုင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ပါ။
အဲ့ဒီ့လိုပဲ
နာကျင်ကြေကွဲနေသူများကို ကိုယ်ချင်းစာဖို့လည်း မမေ့ကြပါနဲ့။
-------------------
အိမ်ဝေးသူ(KZ)
-------------------
အိမ်ဝေးသူ(KZ)
-------------------
No comments:
Post a Comment