(1) Floyd Mayweather (အနိုင်ရရှိသူ)
(2) Manny Pacquiao (ရှုံးနိမ့်သွားသူ)
x
အနောက်တိုင်းသား Floyd Mayweather နဲ့ အရှေ့တိုင်းသားဖြစ်တဲ့ Manny
Pacquiao တို့ ချန်ပီယံလုဖို့ လက်ဝှေ့ထိုးကြတဲ့ပွဲ။ အမှတ်ပေးစနစ်အရ Floyd
Mayweather က (၆) မှတ် သာပြီး နိုင်သွားတယ်။
x
ပွဲအနေအထားအရ Floyd Mayweather ကို အနိုင်ပေးလိုက်ပေမယ့် ဂုဏ်သိက္ခာအရ
သူက အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပါတယ်။ လက်ဝှေ့ထိုးတဲ့ပွဲမှာ ခံစစ်အနေအထားကိုချည်း
တစ်ချိန်လုံး သုံးပြီး ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေရတာဟာ ကစားပွဲဗျူ ဟာဆိုရင်တောင်
ဘယ်လိုမှ ကြည့်လို့မကောင်းပါဘူး။ Manny Pacquiao က အဝင်အထွက် သွက်တယ်။
လှုပ်လှုပ်ရှားရှား ရှိတယ်။ ပြိုင်ဘက်ဆီကို လက်သီးတွေ တရစပ်ဝင်တတ်တယ်။ အဲ့ဒီ့
အခြေအနေတွေကိုသိတဲ့ Floyd Mayweather ရဲ့  လက်ဝှေ့နည်းပြတစ်ယောက်
ယောက်က ခံစစ်နဲ့ကစားဖို့ သွန်သင်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ခံစစ်ထက်ပိုတဲ့
ကြိုးဝိုင်းထဲမှာ ပတ်ပြေးဖို့တော့ သင်ပေးထားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
x
လက်ဝှေ့ပညာ ရှုထောင့်အရတော့ အဲ့ဒီ့လို ပတ်ပြေးတာ မှန်ချင်မှန်မယ်။ ဒါပေမယ့်
ပွဲကြည့်ပရိတ်သတ်အများစုရဲ့
ကိုသာ ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာပဲ။ ဗြိတိန်မှာနေတဲ့ လူတစ်ယောက်ကလည်း
Floyd Mayweather ဟာ ကွင်းထဲမှာ ပတ်ပြေးရင်းနဲ့ ချန်ပီယံဆုရခဲ့တာကြောင့်
သူ့အနေနဲ့ လက်ဝှေ့ချန်ပီယံဆုထက် အပြေးချန်ပီယံသာ ဖြစ်သင့်ကြောင်း
လှောင်ပြောင်ပြောဆိုခဲ့ပါတယ
movie Clips တွေ လုပ်ပြီး Floyd Mayweather ကို ကောင်းကောင်းကြီး လှောင်ပြောင်
သရော်ထားတာကို တွေ့ရပါတယ်။
x
ပြိုင်ပွဲတစ်ပွဲမှာ ခံစစ်အနေအထားကိုချည်းသုံးတာ
စစ်တိုက်တာကို တကူးတက ပိုက်ဆံပေးပြီး ထိုင်ကြည့်နေတဲ့ ပွဲကြည့်ပရိတ်သတ်
မရှိဘူး။ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးလို့လည်း ပြောကြသေးသကိုး။ အဲ့ဒီ့တော့ ခံစစ်ချည်းနဲ့ပဲ ရန်သူကို ခုခံတာ အပြစ်မဆိုသာဘူးပေါ့။ ဒါပေမယ့် အခုလို ကြိုးဝိုင်းပေါ်
တက်ပြီး စိန်ခေါ်ထိုးကြတဲ့ပွဲမှာတော့
ကွာခြားနေတယ်။ ကိုယ်လုံးပိုကြီးတဲ့သူက ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေတာကို ကိုယ်လုံးသေးသေးလေးက လိုက်လံထိုးသတ် ရတာတော့ ကြည့်ရတာ တော်တော်
အကျည်းတန်သလို ခံစားမိတယ်။
x
Floyd Mayweather က အနိုင်ရသွားပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့
ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာ သူနစ်နာသွားရှာပါတယ်။ Manny Pacquiao ကတော့
ယှဉ်ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပါတယ်။ ဒါပေမယ့် ကျွန်တော့်မျက်စိအတွက်တော့ သူဟာ
ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ခဲ့ရတယ်။ အကယ်၍ ကျွန်တော်သာ Floyd Mayweather
နေရာမှာဆိုရင် ကျွန်တော် ကြိုးဝိုင်းထဲမှာပတ်ပြေးပြီ
ကျွန်တော့် ဇနီး/ သား/ သမီး တွေရှေ့မှာ ဂုဏ်ယူပြီး ပြမိလိမ့်မယ်လို့ မထင်ဘူး။
(တစ်ခုတော့ ရှိတယ်။ ကျွန်တော်နဲ့ မထိုက်တန်သလို ခံစားရတဲ့ အဲ့ဒီ့ဆုတံဆိပ်ကို
ထိုက်တန်တယ်လို့ ထင်ရတဲ့လူလက်ထဲကို ကိုယ်တိုင်ကျေကျေနပ်နပ်အပ်လ
ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော့် ဇနီး/ သား/ သမီး တွေရှေ့မှာ ကျွန်တော်
ရှုံးနိမ့်ခဲ့ရကြောင်း ကျေနပ်စွာ ဝန်ခံပြောဆိုမိမှာပါ)
မှတ်ချက်။
ကျွန်တော် လက်ဝှေ့မထိုးတတ်ဘူး။ လက်ဝှေ့စည်းမျဉ်းမသိဘူး။
သာမန်ပွဲကြည့်ပရိတ်သတ်တစ်ယေ
ခံစားမိတာတွေကို အရိုးသားဆုံး ချရေးခဲ့ရုံပါ။ အမြင်မတူရင်လည်း
ကျေနပ်စွာနဲ့ ကွဲလွဲခံစား သုံးသပ်နိုင်ပါတယ်။
-------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment