မြန်မာပြည်မှာဘာသာခြား(အစ္စလာမ်)တွေအပေါ်
မုန်းတီးတဲ့ စိတ်အခြေခံက လူအချို့ မှာ ပုန်းလျှိုးပြီးတစ်မျိုး၊ ပေါ်တင်တစ်ဖုံ ရှိနေကြတယ်။
x
မြန်မာမွတ်စလင်မ်တွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်စီးခံရတိုင်း
စစ်မှန်တဲ့ ဗုဒဘာသာဝင်အချို့ က စိတ်မကောင်းကြောင်းနဲ့
မတရားမှုတွေကို မနှစ်မြို့ ကြောင်း ပြတ်ပြတ်သားသား ပြောလေ့ရှိတယ်။
(အဲ့ဒီ့ထဲမှာ အသံကောင်းဟစ်တဲ့ ကြောင်သူတော် ကြွက်သူခိုးတွေလည်းရှိတယ်)
x
ဒါပေမယ့်
သိပ်နာကြည်းပြီး ခံပြင်းဒေါသစိတ်နဲ့ မွတ်စလင်မ်ဘက်က တစ်ခုခုများ တုံ့ပြန်ကြည့်
(ဥပမာ- ရုပ်ထု မီးရှို့ တာမျိုးပေါ့)
သိပ်အံ့သြစရာကောင်းတဲ့အချက်တစ်ချက် တွေ့ရတတ်တယ်။ အဲ့ဒါကတော့ ကြောင်က
အချိန်ကြာကြာရေမငုပ်နိုင်သလိုပဲ မူလမုန်းတီးစိတ်တွေ ဘွားခနဲ ပေါ်ပေါ်လာတတ်တာပါပဲ။
x
သူတို့ ဆိုလိုချင်တဲ့ပုံစံက
မင်းတို့ ကုလားတွေ ငါတို့လုပ်သမျှ ခံကြ၊ လည်စင်းပေးကြ။
အဲ့ဒါဆို မင်းတို့ကို သနားကြောင်း၊ စာနာကြောင်း ငါတို့ အတိအလင်းကြေငြာပေးမယ်။ ငါတို့ဘက်က ဘယ်လောက် မင်းတို့ကို နာကျင်ပျက်စီးအောင်လုပ်လုပ်
မင်းတို့ဘက် လုံးဝ မတုံ့ပြန်နဲ့။ ကုန်ကုန်ပြောမယ်ကွာ- မင်းတို့ ဗလီတွေ
မီးရှိ့ဖျက်စီးခံလိုက်ရရင်တောင်မှ သည်းခံကြ။ မင်းတို့ဘက်က ရုပ်တုမီးရှို့တာမျိုးတောင်
မလုပ်မိစေနဲ့။ လုပ်မိရင်တော့ ငါတို့ ပါးစပ်ပေါက်တွေက ငြိမ်နေမှာမဟုတ်ဘူး။
x
မွတ်စလင်မ်ဘာသာဝင်တွေခမျာ
လူနည်းစုဖြစ်တာရယ်၊ မတရားမှုတွေနဲ့ ရင်ဆိုင်နေရတာတွေရယ်ကြောင့်
ကိုယ့်ဘက်ကို ကိုယ်ချင်းစာစိတ်လေးနဲ့ ရေးပေး၊ ပြောပေး၊ ရပ်တည်ပေးတာမျိုး
အပြင်လောကမှာ တွေ့ရင်- ရိုသေလေးစား ဂါရဝတရား ထားလိုက်ရတာ အမော။
အွန်လိုင်းလောကမှာဆိုရင်လည်း အရေးအသားမှန်ကန်စွာ ရပ်တည်သူ၊ အားနည်းသူ
ဘက်က ဝိုင်းဝန်းစဉ်းစားပေးသူ ဘယ်သူ့ကိုမဆို Friend Request တွေ ပို့၊
Follow တွေလုပ်၊ အဲ့ဒီ့ပုဂ္ဂိုလ်တွေရဲ့ မျှတတဲ့ ရပ်တည်မှုမျိုးကို လက်ခုပ်သြဘာပေး။
အဲ့ဒါတွေနဲ့ အချိန်ကုန်နေကြတဲ့ မွတ်စလင်မ်တွေ အများကြီးပါပဲ။ မင်းတို့ကို
ဘယ်သူက အဲ့ဒါတွေ လုပ်ခိုင်းနေလို့လဲ လို့ မေးလာရင်လည်းလည်း အရှက်နည်းစွာနဲ့ပဲ
ဖြေရမှာပါပဲ....
(ရေနစ်သူတစ်ယောက်အတွက် ကောက်ရိုးတစ်မျှင်ကလည်း အသက်ကယ်နိုင်တယ်လို့)
x
ကျွန်တော် စဉ်းစားမိတယ်။
x
အမုန်းတရားကို အခြေမခံဘဲ တကယ်စစ်မှန်စွာနဲ့ ဘာသာခြားအားနည်းသူတွေအပေါ်
မားမားမတ်မတ် ရပ်တည်ပေးတဲ့သူ မြန်မာပြည်မှာ ဘယ်နှစ်ယောက်များ ရှိလေမလဲ?
x
ရေငုပ်နေတဲ့ ကြောင်ဖားကြီးတွေ ဘယ်လောက်များနေပြီလဲ?
x
မြန်မာပြည် ငြိမ်းချမ်းချင်ပါတယ်လို့ ပြောနေတဲ့သူတွေရဲ့  ရင်ထဲမှာ
တကယ် ငြိမ်းချမ်းချင်စိတ် ရှိနေတယ်ဆိုတာ သေချာမှ သေချာပါရဲ့ လား?
x
ပြီးတော့ တကယ်ငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ခုကို ထူထောင်ဖို့အတွက်
ကိုယ့်ရဲ့ အစွန်းရောက်မုန်းတီးမှုတွေကို ဖျောက်ဖျက်ပစ်လိုက်နို်င်စွမ်း မရှိဘူးလား?
x
သင့်တင့်မျှတတဲ့ အယူအစွဲရှိသူတွေ
မြန်မာ့နိုင်ငံအရေးကို သတ္တိရှိရှိ လုပ်လာတဲ့တစ်နေ့နေ့တော့
ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတော်ကြီး ဖြစ်လာဦးမှာပါ။
(အခုလောလောဆယ်တော့....ရွှေပြည်တော် မျှော်တိုင်းဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးး)
---------------------
အိမ်ဝေးသူ(KZ)
---------------------
အိမ်ဝေးသူ(KZ)
---------------------
No comments:
Post a Comment