Friday, 8 May 2015
ခါးသီးတဲ့အတွေ့အကြုံကို ဘယ်လိုပုံစံနဲ့ လက်ဆင့်ကမ်းမလဲ
လူ(၂) မျိုး ရှိတယ်။
x
ပထမအမျိုးအစား။
ခါးသီးတဲ့အတွေ့အကြုံတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်။
ဒါပေမယ့် သူ့နောက်က မျိုးဆက်ကိုတော့ အဲ့ဒီ့ခါးသီးမှုတွေထဲက ဆွဲထုတ်တယ်။
(သူ- ဒုက္ခရောက်ခဲ့စဉ်ကလို မဖြစ်ပျက်အောင် ဖေးမကူညီ တွဲခေါ်ယူတယ်)
x
ဒုတိယအမျိုးအစား။
သူလည်း ခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ရှင်သန်ခဲ့ဖူးတယ်။
ဒါပေမယ့် သူ့နောက်က မျိုးဆက်ကိုလည်း သူ့လို ခါးသီးမှုကို ခံစားစေတယ်။
x
ပထမလူ...သုံးတတ်တဲ့ စကားအချို့ ရှိတယ်။
"စိတ်မပျက်နဲ့ကွာ၊ မင်းတို့ခေတ်မှာ အစစအရာရာ ဒို့တွေထက် သာတယ်ကွ၊
အလုပ်မရှိလည်း ကြိုးစားပြီးတော့ ရှာပါ၊ ဒို့လည်း မင်းအတွက် အဆင်ပြေမယ့်
အလုပ်တစ်ခုကို အမြန်ဆုံးရအောင် ရှာကြံပေးမယ်၊ အလုပ်မရသေးခင်စပ်ကြားမှာ
လိုအပ်တဲ့ အကူအညီရှိရင်လည်းပြောလေ၊ ဒီလိုပဲ တွဲခေါ်ယူရမှာပေါ့ကွာ"
x
ဒုတိယလူ...သုံးတတ်တဲ့ စကားအချို့ ရှိတယ်။
"မင်းတို့ခေတ်က တော်သေးတယ်၊ ငါတို့တုန်းက မင်းတို့ထက် ပိုဆိုးတယ်ကွ"
"ငါတို့တုန်းက အလုပ်လက်မဲ့နဲ့ နေခဲ့ရတာ (၆) လလောက် ရှိတယ်ကွ၊
မင်းက ခုမှ (၁) လလောက်ပဲ ရှိသေးတာ။ သည်းခံမှပေါ့ကွာ"
သဘောအားဖြင့်တော့ သူ့အလှည့်တုန်းကလိုပဲ (၆) လလောက်
အလုပ်လက်မဲ့နဲ့ နေပြရတော့မလိုပုံစံမျိုးပေါ့။
x
ဒီအဖြစ်အပျက်မှာ
လူ(၂) ယောက်စလုံးရဲ့ ခါးသီးတဲ့အတွေ့အကြုံ ရှိတာချင်း တူကြတယ်။
ဒါပေမယ့် "စိတ်ထားတတ်ပုံချင်းတော့ သိပ်ကိုကွာခြားလွန်းတယ်"
x
ပထမတစ်ယောက်က
သူ့အတွေ့အကြုံခါးခါးကို ချိုမြိန်တဲ့အသွင်ပြောင်းလိုက်ပြီး
မိမိ မျိုးဆက်သစ်ကို အကောင်းဆုံး စံစားစေတယ်။
ဒုတိယတစ်ယောက်ကတော့
သူ့အတွေ့အကြုံခါးခါးကို တစ်ပါးသူကိုလည်း ခံစားစေတယ်။
x
ခြွင်းချက်တစ်ခုရှိသေးတယ်။
ကျွန်တော် ပြောပြခဲ့တဲဒုတိယလူအမျိုးအစားမှာမှ
ပုံစံကွဲသွားတဲ့ လူတစ်မျိုးလည်း ရှိသေးတယ်။
သူကတော့
ခါးသီးမှုကို စေတနာနဲ့ မြည်းစမ်းခံစားစေချင်တာမျိုးပါ။
တနည်းအားဖြင့်တော့ တန်ဖိုးသိအောင် ရည်ရွယ်တတ်တာမျိုးပေါ့။
အဲ့ဒီ့လို စေတနာရှင်က သင်ခန်းစာပေးတတ်ပေမယ့်
မိမိ မျိုးဆက်ကို လျစ်လျူ ရှု ပြီး မသိကျိုးကျွံ ပြုတာမျိုးတော့ မလုပ်တတ်ဘူး။
(နောက်ကွယ်ကနေ အသာလေး ဖေးမ ကူညီတတ်တယ်)
x
ကျွန်တော် ပြောခဲ့တဲ့ ဒီအကြောင်းအရာကို
နိုင်ငံခြားရောက်ခါစမှာ မျက်စိသူငယ်၊နားသူငယ်ဖြစ်ဖူးသူတွေ
ပိုပြီး သဘောပေါက်ကြပါလိမ့်မယ်။ စာဖတ်သူကို မေးချင်ပါတယ်။
x
ပထမလူ အမျိုးအစား ဖြစ်ချင်သလား?
ဒုတိယလူ အမျိုးအစား ဖြစ်ချင်ပါသလား?
ခြွင်းချက် အမျိုးအစား ဖြစ်ချင်ပါသလား?
-------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment