အချစ်ဆိုတာ ကဗျာတစ်ပုဒ်
ငါ...နှစ်နှစ်ခြိုက်ခြိုက်ဖတ်မိတယ်
ရင်ဘတ်တစ်ခုလုံးကို မြှုပ်နှံမိတော့လည်း
နည်းနည်းတော့ လွန်တာပေါ့။
အချစ်ဆိုတာ သီချင်းတစ်ပုဒ်
ငါ...အပျင်းပြေ ဆိုညည်းမိတယ်
အသံတွေအက်ကွဲတဲ့အထိ သီဆိုမိတော့လည်း
နည်းနည်းတော့ ကျွံတာပေါ့။
အချစ်ဆိုတာ....
ဖျော်ဖြေခံ ပစ္စည်းသက်သက် မဖြစ်သင့်ပါဘူး
နှလုံးသားသတ် လက်နက်တစ်ခု မဟုတ်ပါဘူး
အတ္တနှိုးစက် တစ်ခုလည်း မဖြစ်စေချင်ပါဘူး။
ငါ့အတွက်တော့...
အချစ်ဆိုတာ မက်လို့မဆုံးတဲ့ အိပ်မက်တစ်ခု
လျှာပေါ်စွဲပြီး ကျန်နေတတ်တဲ့ ကော်ဖီတခွက်
ဘယ်တော့မှ မရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်။
သူ့ဆန်စားရင် ရဲရတယ်ဆိုတဲ့စကားလို
ချစ်ခဲ့မိတော့လည်း ရူးရဲရတော့မှာပေါ့။
ဘာပဲဖြစ်ဖြစ်...
လက်တစ်ဆုပ်စာ ဖြစ်စေ
ကြက်တစ်ဝပ်စာပဲ ဖြစ်စေ
ငါ့...ဘဝလေးကို
အချစ်နဲ့ ရှင်သန်ပါရစေကွယ်။
အိမ်ဝေးသူ (KZ)
ငါ...အပျင်းပြေ ဆိုညည်းမိတယ်
အသံတွေအက်ကွဲတဲ့အထိ သီဆိုမိတော့လည်း
နည်းနည်းတော့ ကျွံတာပေါ့။
အချစ်ဆိုတာ....
ဖျော်ဖြေခံ ပစ္စည်းသက်သက် မဖြစ်သင့်ပါဘူး
နှလုံးသားသတ် လက်နက်တစ်ခု မဟုတ်ပါဘူး
အတ္တနှိုးစက် တစ်ခုလည်း မဖြစ်စေချင်ပါဘူး။
ငါ့အတွက်တော့...
အချစ်ဆိုတာ မက်လို့မဆုံးတဲ့ အိပ်မက်တစ်ခု
လျှာပေါ်စွဲပြီး ကျန်နေတတ်တဲ့ ကော်ဖီတခွက်
ဘယ်တော့မှ မရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်။
သူ့ဆန်စားရင် ရဲရတယ်ဆိုတဲ့စကားလို
ချစ်ခဲ့မိတော့လည်း ရူးရဲရတော့မှာပေါ့။
ဘာပဲဖြစ်ဖြစ်...
လက်တစ်ဆုပ်စာ ဖြစ်စေ
ကြက်တစ်ဝပ်စာပဲ ဖြစ်စေ
ငါ့...ဘဝလေးကို
အချစ်နဲ့ ရှင်သန်ပါရစေကွယ်။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment