Tuesday, 13 May 2014

ကျောချင်းကပ် အားထုတ်ခြင်း


တစ်ချို့ တွေ
အပ်တိုတစ်ချောင်းစာ
ရိုးသားဖို့ ကြိုးစားနေကြတယ်။
တစ်ချို့ တွေ
အပ်ချည်တစ်မျှင်စာ
ကောက်ကျစ်ဖို့ လုံးပမ်းနေကြတယ်။
ကမ္ဘာ့ရွာဆိုတာနဲ့တင်
ငါတို့တတွေ…
ရွာရိုးကိုးပေါက် ခြားနားခဲ့ကြလေရဲ့ ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment