၁) အားငယ် သိမ်ငယ်စိတ်တို့ လျော့ပါးလာမယ်။
၂) တွန်အား(သို့) ခွန်အားသစ် တစ်ခု စတင်ရရှိလိမ့်မယ်။
၃) အပြုသဘောဆောင်တဲ့ အလုပ်တစ်ခုခုကို သေချာ လုပ်ဖြစ်လိမ့်မယ်။
၎) အဲလို လုပ်ဖြစ်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု တိုးလာမယ်။
၅) အဲဒီ အလုပ်ကို လုပ်ရင်းရတဲ့ အခက်အခဲကို ဖြေရှင်းလိုစိတ် ပြင်းပြလာမယ်။
၆) ဖြေရှင်းလို့ ရတဲ့အခါ ဖြစ်လာတဲ့ စိတ်က ပျော်ရွှင်မှု ဆိုတာထက် ပိုတယ်။
ရ) အကြောက်တရား ကျော်လွှားပြီး ပထမဆုံး ကြည်လင်အေးမြစွာ
ခံစားရမှာကတော့....အဲဒီ ကြောက်ရွံ့ ခြင်းကနေ လွတ်မြောက်သွားတဲ့
ရသ....တနည်းအားဖြင့် လွတ်လပ်ခြင်း ရဲ့  အရသာ စစ်စစ်ကို ခံစားရလိမ့်မယ်။
မှတ်ချက်။
ကြောက်လို့ ငြိမ်နေတဲ့ အခါ ငြိမ်နေခြင်းရဲ့  ရသ ကို ခံစားရတယ်။ (မထူးခြားဘူး)
ကြောက်ရွံ့ ခြင်းက ရုန်းထွက်လိုက်တဲ့အခါ အခက်အခဲနဲ့ ထိပ်တိုက်တိုးလိမ့်မယ်။
အဲဒီ အခက်အခဲကို ဖြေရှင်းလို့ ရတဲ့အခါ ဖြစ်လာတဲ့ ရင်ထဲက ခံစားမှုက
ဘာနဲ့မှ မလဲနိုင်ဘူး။ (ထူးခြားတယ်)
ပုံတွင်းပါ စာသားများမှလွဲ၍ ကျန်သည်များမှာ အိမ်ဝေးသူ၏ အမြင်သက်သက် ဖြစ်ပါသည်။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment