Sunday, 25 May 2014

သာသနာနဲ့ ပက်သက်လို့ သတိထားစရာလေး တစ်ခု


ကျွန်တော်တို့တတွေဟာ
သာသနာနဲ့ ပက်သက်လို့ ဆင်းရဲတဲ့ သာသနာဝင်တွေ
မဟုတ်ကြပါဘူး။
ချမ်းသာတဲ့ သာသာနာဝင်တွေ ဖြစ်ပါတယ်။

သာသနာနဲ့ ပက်သက်လို့
တစ်ခြားသာသနာ တစ်ခုခုကနေ မှီငြမ်းစရာ မလိုလောက်အောင်ကို
ပြည့်စုံချမ်းသာနေတဲ့ သာသနာပါ။

အဲဒါကြောင့် တစ်စုံတစ်ယောက်က
သင့်ကို သာသနာနဲ့ ပက်သက်လို့ တစ်ခုခု မေးလာတယ်။
သင်ကလည်း အဲဒီမေ့ခွန်းရဲ့ အဖြေကို မသိဘူးဆိုရင်
မသိဘူးလို့ ရိုးရိုးသားသား ဖြေချင်ဖြေပါ။
သိတဲ့လူကို မေးပေးမယ်ဆိုတဲ့ အကြောင်း ဖြေပါ။
မရှိဘူးလို့တော့ (ကိုယ်အကုန်သိထားတဲ့ပုံစံမျိုးနဲ့) မဖြေလိုက်ပါနဲ့။
ဒါမှမဟုတ်
ကျွန်တော့်အမြင်မှာ...ဒီအကြောင်းအရာနဲ့ ပက်သက်လို့
မတွေ့မိသေးဘူးလို့ ဖြေပါ။
သဘောကတော့
သင်မသိသေးတဲ့ အကြောင်းအရာများစွာ ရှိနိုင်ပြီး
သာသနာတစ်ခုလုံးကို ပြည့်စုံပြည့်စုံ
သင်မသိသေးတာကြောင့်ပဲ။
မုဖ်သီဂျာဖရ်
မက္ကာဟ်မြို့ တော်အကြောင်းမှ

No comments:

Post a Comment