Saturday, 4 January 2014

လွတ်လပ်ရေးနေ့ အမှတ်တရ

(အိန္ဒိယ)
=====
လူဦးရေ ၁. ၂၇ ဘီလီယံ
ဘာသာရေး ပြသနာ- ဟိန္ဒူ-မွတ်စလင်မ်
သံယံဇာတ- လူဦးရေနဲ့ မမျှဘူး (နည်းတယ်)
ပညာရေး- အလွန်ကောင်းမွန်တယ်
ဗြိတိသျှရဲ့  ကျွန်ပြုခြင်းကို ခံခဲ့ရတယ်။
အသက်၊ သွေး ၊ ချွေး များစွာ စတေးပြီး
စစ်မှန်တဲ့ လွတ်လပ်ရေးကို ရခဲ့တယ်။
အခု လက်ရှိ
အနုပညာ နယ်ပယ်တစ်ခုတည်းကို ကြည့်ရင်တောင်
Bollywood Movies တော်တော်များများမှာ
အင်္ဂလိပ်တွေက နောက်ခံ က, ပေးနေရပြီ….။
(မြန်မာ)
=====
လူဦးရေ…သန်းခြောက်ဆယ်ကျော်
ဘာသာရေး ပြသနာ- ( ကြိုတင်ကြံစည် ထားတဲ့ ဘာသာရေး နှိပ်ကွပ်မှု မှလွဲရင်) မရှိ။
သံယံဇာတ- အလွန်များပြားတယ်
ပညာရေး- အလွန်နုံချာ လျက်ရှိသေးတယ်။
ဗြိတိသျှရဲ့  ကျွန်ပြုခြင်းကို ခံခဲ့ရတယ်။
အသက်၊ သွေး ၊ ချွေး များစွာ စတေးပြီး
စစ်မှန်တဲ့ လွတ်လပ်ရေးကို ရခဲ့တယ်။
အခုလက်ရှိ
ကိုယ့်တိုင်းပြည်ရဲ့ အနုပညာနယ်ပယ်ထဲက
ရုပ်ရှင်၊ဗွီဒီယိုလောကမှာ တောင်
အင်္ဂလိပ်တွေကို ခေါ်ပြီး နောက်ခံ က, ခိုင်းဖို့ မပြောနဲ့
ကိုယ့်တိုင်းပြည်ရဲ့ အနုပညာလှုပ်ရှားခွင့်တောင်
လွတ်လပ်ခွင့် အပြည့် မရသေးဘူး….။
လွတ်လပ်ရေးပေးတာက ဗြိတိသျှ နိုင်ငံ
လွတ်လပ်ရေး ရရှိခဲ့တာက မြန်မာနဲ့ အိန္ဒိယ
လွတ်လပ်ရေး ရခဲ့တဲ့နှစ်က သိပ်ကွာခြားလှတာမဟုတ်
ဒါဆိုရင်…
စစ်မှန်တဲ့ ခေါင်းဆောင်တွေ ရဲ့ 
အသက်၊ သွေး၊ ချွေးတွေ အများကြီး ဆုံးရှုံးပြီး
ကျွန်တော်တို့ရဲ့  လက်ဝယ်ရောက်လာတဲ့
လွတ်လပ်ရေးက……ဘာချို့ ယွင်းနေတာလဲ…???
ကမ္ဘာမကြေသီချင်းသံလည်း
မခမ်းနားတာ ကြာပြီဖြစ်တဲ့နောက်
တကယ့် လွတ်လပ်ရေး ဆိုတာကြီးကလည်း
မလွတ်လပ်သေးတဲ့ နှလုံးသားများစွာ အတွက်တော့….။

အိမ်ဝေးသူ (KZ)

No comments:

Post a Comment