Saturday, 4 January 2014

"တစ်နေရာစာလေး"


၂၀၁၃…..
၂၀၁၄….တဲ့
ကွာဟမှုက
တစ်နေရာစာလေးပါပဲ…။

ပြက္ခဒိန်ပေါ်က
ကိန်းဂဏန်းတစ်လုံး
လှလှပပကြီး
ပြောင်းလဲသွားသလို….။
ခင်ဗျားကိုယ်တိုင် သတ်မှတ်မယ့်
ခင်ဗျားရဲ့ တန်ဖိုး
ခင်ဗျား ကျေနပ်တဲ့ အတိုင်းအတာ တစ်ခုထိ
တစ်နေရာစာလေး တက်မသွားခဲ့ဘူးဆိုရင်…။
၂၀၁၃ နဲ့…
၂၀၁၄ ရဲ့  ခြားနားခြင်းက..
တစ်နေရာစာလေး ခမ်းနားခဲ့သလောက်
ခင်ဗျားရဲ့ တစ်နှစ်စာ….
အပြောင်းအလဲကတော့…
တစ်ကိုယ်စာ...နောက်ကောက်ကျနေဦးမှာပဲ….။
ကျွန်တော်ပြောတဲ့
တစ်နေရာစာလေး ဆိုတာ…
အောင်မြင်ခြင်း…တစ်ကမ္ဘာ ဖြစ်နိုင်သလို
ကျရှုံးခြင်း တစ်သက်တာလည်း ဖြစ်နိုင်လေရဲ့ 
ပျော်ရွှင်ခြင်း…တစ်လှေကြီး ဖြစ်နိုင်သလို
ကြေကွဲခြင်း…အသင်္ချေလည်း ဖြစ်နိုင်လေရဲ့….။
၂၀၁၄….၂၀၁၅
ကွာဟမှုကလည်း
သေချာလွန်းတဲ့…
တစ်နေရာစာလေးပါပဲ….။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment