သြော်....
အမေများနေ့တဲ့...မေမေရယ်။
ခရီးတစ်ခုကို အစပျိုးခဲ့တုန်းက
"သားကြီး...အပြန်လမ်းကို
ဟောဒီ...အိမ်ဝရံတာကနေ
မေမေစောင့်နေမယ်" လို့
လက်ပြနှုတ်ဆက်ရင်း
ကျန်ရစ်ခဲ့တဲ့ မေ့မေ့ကို
သမင်လည်ပြန် လှည့်ကြည့်ရင်း
တစ်နေ့ပြန်တွေ့ကြမှာပဲလေ ဆိုတဲ့
အသိတစ်ခုကြောင့်
ကျွန်တော်...ကြိတ်မှိတ်မြိုသိပ်ခဲ့ရတယ်မေမေ။
တစ်ခဏတာ ဆိုတာကြီးက
တစ်ဘ၀တာ အဖြစ်
အသွင်ပြောင်းသွားတဲ့အခါ
ခွဲခွာရသူတို့ရဲ့ ထုံးစံအတိုင်း
ကျွန်တော် မက်တဲ့ အိပ်မက်တွေတိုင်းမှာ
မေမေ...က အဓိက ဖြစ်လာတယ်။
မေမေမရှိတော့တဲ့
အမေများနေ့ကို ဖြတ်သန်းခဲ့တိုင်း
မိခင်နဲ့ ဝေးနေသူတွေ (ရှင်ကွဲ)
မိခင်နဲ့ ကွေကွင်းနေသူတွေ (သေကွဲ) ကိုကြည့်ပြီး
ရင်မှာ ဖြစ်တဲ့ ကိုယ်ချင်းစာစိတ်ကလေးနဲ့
ကျွန်တော်....သိမ်ငယ်ဖြေသိမ့်ခဲ့ပါတယ်။
အခုတော့...
Facebook wall ပေါ်က
သူငယ်ချင်းများစွာရဲ့ 
အမေနေ့ အထိမ်းအမှတ် အဖြစ်
မိခင်နဲ့သား/သမီးတွေရဲ့ 
အပြန်အလှန် မေတ္တာပို့ပေးတာကို မြင်ရတော့
သိမ်ငယ်စိတ်ကလေး မုဒိတာ အသွင်ပြောင်းရင်း
ကျွန်တော့် နှလုံးသားလေး
ကြည်လင်အေးမြ...ကြည်နူးချမ်းမြေ့ခဲ့ရပြန်တယ်..မေမေရယ်။
အိမ်ဝေးသူ (KZ)
"သားကြီး...အပြန်လမ်းကို
ဟောဒီ...အိမ်ဝရံတာကနေ
မေမေစောင့်နေမယ်" လို့
လက်ပြနှုတ်ဆက်ရင်း
ကျန်ရစ်ခဲ့တဲ့ မေ့မေ့ကို
သမင်လည်ပြန် လှည့်ကြည့်ရင်း
တစ်နေ့ပြန်တွေ့ကြမှာပဲလေ ဆိုတဲ့
အသိတစ်ခုကြောင့်
ကျွန်တော်...ကြိတ်မှိတ်မြိုသိပ်ခဲ့ရတယ်မေမေ။
တစ်ခဏတာ ဆိုတာကြီးက
တစ်ဘ၀တာ အဖြစ်
အသွင်ပြောင်းသွားတဲ့အခါ
ခွဲခွာရသူတို့ရဲ့ ထုံးစံအတိုင်း
ကျွန်တော် မက်တဲ့ အိပ်မက်တွေတိုင်းမှာ
မေမေ...က အဓိက ဖြစ်လာတယ်။
မေမေမရှိတော့တဲ့
အမေများနေ့ကို ဖြတ်သန်းခဲ့တိုင်း
မိခင်နဲ့ ဝေးနေသူတွေ (ရှင်ကွဲ)
မိခင်နဲ့ ကွေကွင်းနေသူတွေ (သေကွဲ) ကိုကြည့်ပြီး
ရင်မှာ ဖြစ်တဲ့ ကိုယ်ချင်းစာစိတ်ကလေးနဲ့
ကျွန်တော်....သိမ်ငယ်ဖြေသိမ့်ခဲ့ပါတယ်။
အခုတော့...
Facebook wall ပေါ်က
သူငယ်ချင်းများစွာရဲ့ 
အမေနေ့ အထိမ်းအမှတ် အဖြစ်
မိခင်နဲ့သား/သမီးတွေရဲ့ 
အပြန်အလှန် မေတ္တာပို့ပေးတာကို မြင်ရတော့
သိမ်ငယ်စိတ်ကလေး မုဒိတာ အသွင်ပြောင်းရင်း
ကျွန်တော့် နှလုံးသားလေး
ကြည်လင်အေးမြ...ကြည်နူးချမ်းမြေ့ခဲ့ရပြန်တယ်..မေမေရယ်။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment