Saturday, 18 January 2014

ဘာကြောင့်ပါလဲ ???


***************
ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ
စေ့စပ်ညှိနိုင်းပွဲတွေ
ဘယ်လောက် လုပ်လုပ်
ဒီကနေ့အထိ မငြိမ်းချမ်းနိုင်သေးတာ
ဘာကြောင့်ပါလဲ....?

နိုင်ငံတော် အကြီးအကဲ စပြီး
ဆိုက်ကားသမား အထိ
အမှန်တရားဆိုတာကြီးကို မသိကျိုးကျွံပြုပြီး
အမုန်းတရားက တငွေ့ငွေ့ လှိုက်စားနေတဲ့
အတွက်ကြောင့် ဖြစ်တယ်။
ကုလား ဗမာ အဓိကရုန်း လို မဟုတ်သလို
တရုတ် ဗမာ အရေးအခင်းနဲ့ လည်း မတူဘူး
ပိုပြီး စနစ်တကျ ရှိတယ်...။
ပိုပြီး ပိရိသေသပ်မှု ရှိတယ်။
ရေရှည်မှာ လက်ရှိအနေအထားထက်
ပိုပြီး အထိနာဖို့ များတယ်...။
အဆိုးဆုံး အခြေအနေတစ်ခုကတော့...
အေးချမ်းပါတယ်ဆိုတဲ့
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုက
အမုန်းတရား ဆိုတာကြီးနောက်မှာ
တန်းစီပြီး ဘိန်းစားတွေလို
မှိန်းပြီး လိုက်နေကြတာပဲ...။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment