မချစ်တတ်ခင်ကတည်းက
အချစ်သီချင်းတွေ....ကြိုက်တတ်ခဲ့တယ်။
မလွမ်းတတ်ခင်ကတည်းက
အလွမ်းသီချင်းတွေ.... ကြိုက်တတ်ခဲ့တယ်။
အသည်းမကွဲခင်ကတည်းက
အသည်းကွဲသီချင်းတွေ....ကြိုက်တတ်ခဲ့တယ်။
ခုတော့
အကျိုးပေးကောင်းလိုက်ပုံများ
အချစ်မခံရခင်ကတည်းက
အလွမ်းသီချင်းတွေကို ရေးစပ်နေရပြီ။
ဟော...
မကြာခင်မှာ
အသည်းကွဲသီချင်းတွေလည်း ဆိုဖြစ်ဦးမယ်နဲ့တူတယ်။
တကယ်တော့
သူ့ဇာတာနဲ့ သူလာကြတာပဲ
အဆန်းတကျယ်တော့လည်း မဟုတ်ပါဘူးလေ။
ယတြာ...?
ငါ့...အတွက် မလိုတော့ပါဘူးကွယ်။
-------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment