Wednesday, 8 January 2014
ချစ်ခြင်းနှင့် ငြီးငွေ့ခြင်း
ချစ်ခြင်းမေတ္တာရဲ့  ခေါင်းစဉ်အောက်မှာ Relationship တစ်ခုကိုတည်ဆောက်ထားသူမျာ။
(အထူးသဖြင့် မိန်းကလေးများ) သတိထားရမယ့် အချက်လေးပါ။
-------------------------------------------------------------
ချစ်သူသက်တမ်း အနည်းငယ် ကြာလာတာနဲ့ ယောက်ျားလေးရဲ့  စိတ်ခံစားမှုကတဖြည်းဖြည်း
လျော့နည်းလာတတ်တာမျိုးရှိပါတယ်။သမီးရည်းစား သက်တမ်း ကြာမြင့်နေတဲ့
မိန်းကလေး တစ်ယောက်အနေနဲ့ ပထမဆုံး သတိထားရမှာက
မိမိချစ်သူ ယောက်က်ျားလေးက မိမိအပေါ်မှာ…စိတ်ခံစားမှု ဒီဂရီ ဘယ်လို…ရှိသလဲ….ဘယ်လောက်….ရှိသလဲဆိုတာပါပဲ။
မိမိကို ချစ်သူက ပျင်းရိငြီးငွေ့လာပြီ ဆိုတဲ့ အနေအထားမျိုး ရှိလာပြီလား ဆိုတာမျိုးကို
သတိကြီးစွာ စောင့်ကြည့်ဖို့ လိုပါတယ်။(သံသယ ဦးစားပေး မဟုတ်ပါ)
အကယ်၍ တစ်ဘက်က မသိမသာ အမူအယာနဲ့ ဖြစ်စေ…
သိသိသာသာ အမူအယာနဲ့ ဖြစ်စေ…မိမိကို စိတ်ပျက်နေကြောင်း….
ဆက်လက်ပြီး လက်မတွဲလိုကြောင်း ပြလာပြီဆိုရင်…
မိန်းကလေးတစ်ယောက်အနေနဲ့  တစ်ဖက်ကို ဖြစ်တည်နေတဲ့ မိမိစိတ်ခံစားမှုကို
အနည်းဆုံး တစ်ဝက် လျှော့ချပစ်ဖို့ လိုပါတယ်။
( အချစ် ရာခိုင်နှုန်းကို လျှော့ချပစ် ရန် ဆိုလိုသည် ….
ဘယ်လို လျှော့ချ ပစ်ရသလဲဆိုတာ သိချင်လျှင်တော့….နည်းလမ်းပေးပါမည်။ :P )
ဒီနေရာမှာ ဖြေရှင်းနည်းက….
မိမိ စိတ် ခံနိုင်ရည် အပေါ် မူတည်ပါတယ်။
ဥပမာ…
၁) တစ်ဖက်လူကို မိမိကို စိတ်ကုန်၊ စိတ်ပျက်နေပြီလား ဆိုတာကို သတိထားပြီး ကြည့်မယ်။
၂) သေချာပြီဆိုရင်… ပွင့်ပွင့်လင်းလင်း ဖွင့်မေးဖို့လိုပါတယ် ။
၃) မိမိ ဘက်က ချို့ ယွင်းချက် ရှိတယ်လို့ ထောက်ပြလာရင်… မိမိ ပြင်နိုင်ပါက ပြင်လိုက်ပါ။
၎) မိမိ ဘက်က မပြင်နိုင်ပါက…. ညှိနှိုင်းသင့်တာကို ညှိနှိုင်းပါ။
၅) တစ်ဘက် ပြတ်စဲရန် ပြောလာပါက ကျေနပ်စွာ လက်ခံနိုင်အောင် ကြိုးစားပါ။
အပြုသဘော ထက် အပျက်သဘောတွေကိုချည်း အသားပေး ရေးသားထားတယ်လို့
မြင်မယ့်သူများလည်း ရှိကောင်း ရှိနိုင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ…. မိန်းကလေးတွေ အနေနဲ့သတိထားရမှာက
ယောက်ျားလေး တစ်ယောက်ရဲ့ 
မိန်းကလေးတစ်ယောက်အပေါ် ထားတဲ့စိတ်ခံစားမှု ငြီးငွေ့ သွားခြင်းဟာ…
နောင်ဖြစ်လာမယ့် ပြသနာ အားလုံးရဲ့  အရင်းအမြစ် ဆိုတာကို ပါပဲ။
တစ်ဘက်က ပြတ်စဲ ချင်ရဲ့ သားနဲ့ မိမိက တွယ်ကပ်ထားမယ်ဆိုရင်တော့….
အကြောင်းမရှိ အကြောင်းရှာပြီး အပြစ်ရှာ ခြင်းကို ခံရပါလိမ့်မယ်။
မိမိဘက်က သည်းမခံနိုင်ရင် အမုန်းတရားနဲ့ လမ်းခွဲတဲ့ အခါ နှစ်ဦးနှစ်ဘက်စလုံးပိုပြီး ခံရခက်တတ်ပါတယ်။
မိမိရဲ့  ချစ်ခြင်းမေတ္တာတရားကို အပြစ်မရှိ အပြစ်ရှာပြီး အပယ်ခံခဲ့ရတာကို ရွေးချယ်မလား???
သို့မဟုတ်
မိမိက ပြသနာတစ်ခုရဲ့ အရင်းအမြစ်ကိုသိပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်မလား???
သေချာတာ တစ်ခုက....
အချစ်ကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ရဲ့  ရင်ခွင်ဟာအချစ်ကို တန်ဖိုးထားတတ်တဲ့
အခြား လူသားတစ်ဦးအတွက် အဓိပ္ဗါယ်မဲ့နေတတ်တယ် ဆိုတာပါပဲ။
နောက်ထပ် အသေချာဆုံး တစ်ခုကတော့...
အလွန်ချစ်ရတဲ့ ချစ်သူကို စွန့်လွှတ်ခဲ့ရလို့ ဝမ်းနည်းကြေကွဲစရာ မလိုပါဘူး။
ဟောဒီ ကမ္ဘာမြေပြင်ရဲ့  တစ်ထောင့်တစ်နေရာမှာ မိမိရဲ့ ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပြီး ငံ့လင့်နေမယ့်
လူသားတစ်ဦး ရှိနေတယ်ဆိုတာပါပဲ။
အိမ်ဝေးသူ (KZ)
မှတ်ချက်။ ။
မိန်းကလေးများအတွက်လို့ ခေါင်းစဉ်တင်ထားပေမယ့်....
ယောက်ျားလေးတွေအတွက်လည်းသဘောတရားချင်း သိပ်မကွာခြားလှပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment